ထိုင်းတွင် ရင်းနှီးမြုပ်နှံမှုဝင်ငွေ ရည်မှန်းချက် မပြည့်

ထိုင်းတွင် ရင်းနှီးမြုပ်နှံမှုဝင်ငွေ ရည်မှန်းချက် မပြည့်

ဘန်ကောက်၊ ဇန်နဝါရီ ၁၃ ။              ။ ၂၀၁၅ ခုနှစ်အတွက် ရင်းနှီးမြုပ်နှံမှုကို ဘတ်ငွေ ၁ ဒသမ ၄ ထရီလီယံ ရည်မှန်းထားသော်လည်း ဘတ် ဘီလီယံ ၈၀၀ နီးပါးသာ ရရှိခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှု ဘုတ်အဖွဲ့က ပြောသည်။ သို့သော် ၂၀၁၄ က ၇၂၄ ဒသမ ၇ ဘီလီယံ ရှိခဲ့သည်ထက် တိုးတက်လာခဲ့သည်။

တစ်ချို့သော ရင်းနှီးမြုပ်နှံမှုများကို အချိန်စောစွာ တင်သွင်းခြင်းနှင့် အစိုးရအေဂျင်စီအချို့၏ ပါဝင်မှုများလည်း လိုအပ်၍ ၂၀၁၅ ရင်းနှီးမြုပ်နှံမှုက ရည်မှန်းချက် မပြည့်မှီခဲ့ခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ် ဟီရန်ယာစူချင်နိုင်းက သတင်းထောက်များအား ပြောခဲ့သည်။

"ကျွန်တော်တို့ ရည်မှန်းချက် မပြည့်မှီခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အကြီးစားစီမံကိန်းကြီးများရှိပြီး ကော်မတီများရဲ့ အတည်ပြုမှု လိုအပ်နေလို့ဖြစ်ပါတယ်။" ဖူချင်နိုင်းက ပြောပြီး ၂၀၁၆ အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

၂၀၁၄ မေလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံတွင် စစ်အစိုးရက အရှေ့တောင်အာရှ ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံအဖြစ် ပြန်လည်ထူထောင်နိုင်ရေးအတွက် လုံးပမ်းနေရသည်။ အစိုးရက ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအတွက် အရှိန်မြှင့်တင်ကာ ပို့ကုန်နှင့် ပြည်တွင်းဝယ်လိုအားများ လေးလံနေခြင်းကြောင့် ရုန်းကန်နေရသည့် စီးပွားရေးကို အထောက်အပံ့ဖြစ်ရန် မက်လုံးများပေးကာ ဆွဲဆောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly