ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု B.A.P ကြေညာ

ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု B.A.P ကြေညာ

တောင်ကိုးရီးယား အမျိုးသား အဆိုတော်အဖွဲ့ B.A.P အဖွဲ့သည် ၂၀၁၆ ကမ္ဘာလှည့် ဖျော်ဖြေ ပွဲကို ကျင်းပပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။

B.A.P အဖွဲ့၏ အသံသွင်းကုမ္ပဏီ TS Entertainment သည် ဇန်နဝါရီ ၁၁ ရက်က ဖျော်ဖြေပွဲ ပိုစတာကို ထုတ်ဖော်ပြသခဲ့ပြီး ဖျော်ဖြေပွဲကို “LIVE ON EARTH 2016 WORLD TOUR” ဟု အမည် ပေးထားကြောင်းနှင့် နိုင်ငံ ၁၅ နိုင်ငံတွင် ဖျော်ဖြေပွဲ ၃၀ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ဖျော်ဖြေပွဲကို မြောက်အမေရိက၊ တောင်အမေရိကအပြင် အင်္ဂလန်၊ ဂျာမနီ၊ ပိုလန်၊ ရုရှ၊ သြစ တြေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင် ဖျော်ဖြေသွားမည် ဖြစ်သည်။ B.A.P အဖွဲ့သည် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက်တို့တွင်  တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ  SK အိုလံပစ်အားကစား ကွင်း၌ စတင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly