ဂျိုလီတို့ ဇနီးမောင်နှံ နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးစားဖို့ လျို့ဝှက် စီစဉ် နေသည်ဟု သတင်းများ ထွက်ပေါ်

ဂျိုလီတို့ ဇနီးမောင်နှံ နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးစားဖို့ လျို့ဝှက် စီစဉ် နေသည်ဟု သတင်းများ ထွက်ပေါ်

ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့ ဇနီးမောင်နှံသည် ကမ္ဘောဒီးယားနိုင်ငံမှ ဆင်းရဲသော မိသားစုတွင် ပေါက်ဖွားလာသော ယောင်္ကျားလေးတစ်ဦးကို မွေးစားရန် လျို့ဝှက် စီစဉ်လျက်ရှိကြောင်း  Radar အွန်လိုင်းတွင် ဖော်ပြထားသည်။

ဘရက်ဒ်ပစ်နှင့် အိန်ဂျလီနာဂျိုလီတို့တွင် လက်ရှိအချိန်တွင် သားသမီးခြောက်ယောက် ရှိကြောင်းနှင့် ဂျိုလီသည် လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌  “First They Killed My Father” ဇာတ်ကားကို ဒါရိုက်တာလုပ် ရိုက်ကူးလျက် ရှိသည်။

ဂျိုလီသည် ကမ္ဘာဒီးယားနိုင်ငံ ဆီအမ်ရက်ပ်မြို့တွင်  Allouy Shoun နဲ့ ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး  Allouy Shoun တွင် ညီအစ်ကို မောင်နှမ ဆယ်နှစ်ယောက်ရှိကာ မိဘများမှာလည်း ဆင်းရဲကြသည်။

ကလေးငယ်များသည် အသက် ၆ လမှ ၂၃ နှစ်ကြားရှိပြီး မိဘများနှင့်အတူ နေထိုင်ကြောင်းနှင့် ဖခင်ဖြစ်သူသည် အသက် ၄၀ အရွယ်သာ ရှိသေးပြီး အလုပ်အကိုင် အဆင်ပြေပုံမရပေ။
ဘရက်ဒ်ပစ်နှင့် ဂျိုလီတို့၏ သမီးများဖြစ်သော  အသက်ကိုးနှစ်အရွယ် ရှီလော့်ရှ်နှင့် အသက် ၁၀ နှစ်အရွယ် ဇာဟာရာတို့နှင့် Shoun သည် အသက်သိပ်မကွာကြောင်းနှင့် ဂျိုလီသည် Shoun ကို မွေးစားရန် စဉ်းစားလျက် ရှိသည်။

“ဂျိုလီဟာ Shoun တို့မိသားစုကို အမေရိကန်ဒေါ်လာ တစ်သန်း အကူညီပေးဖို့ ကတိပြုထား တယ်။ Shoun ကိုလည်း မွေးစားဖို့ ကတိပေးထားတယ်” ဟု Radar အွန်လိုင်းက ပြောကြားသည်။

ဂျိုလီတို့ ဇနီးမောင်နှံသည် Shouns တို့ မိသားစုကို အမေရိကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိသော အဝတ်အထည်၊ စက်ဘီးသစ်များကို ထောက်ပံ့ပေးခဲ့ပြီး Angkor ဈေးဝယ်စင်တာတွင် ကျွေးမွေးပြုစုခဲ့ သည်။ အသက် ၁၆ နှစ်အရွယ်ရှိ Leida Shouns က ဖခင်ဖြစ်သူ မန်ဆာရက် ခွင့်ပြုချက်ဖြင့် Radar အွန်လိုင်းနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်မတို့မိသားစုမှာ အရင်က စက်ဘီးတစ်စီးပဲ ရှိတယ်။ အဲ့စက်ဘီကိုလည်း ရောင်းခဲ့ရတယ်။ အခုတော့ ဂျိုလီတို့ ဇနီးမောင်နှံပေးတဲ့ အထောက်အပံ့တွေဟာ ကျွန်မတို့ မိသားစုအတွက် အံသြဖွယ် လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ရှီလော့်ရှ်၊ ဇာဟာနဲ့ သူတို့ မိသားစုဝင်တွေဟာ အရမ်းကို ကောင်းတဲ့ သူတွေပါ” ဟု Leidaက  Radr အွန်လိုင်းကို ပြောကြားခဲ့သည်။

“ကျွန်မတို့ ဂျိုလီတို့နဲ့ သိတာ မကြာသေးပါဘူး။ သူတို့က ကျွန်မတို့ကို ထောက်ပံ့မှုတွေ ပေးတယ်။ ကျွန်မ ရှီလော့ရှ်နဲ့ ဇာဟာရာတို့နဲ့ ကစားရတာ ပျော်တယ်။သူတို့နဲ့ ကျွန်မတို့ ဆီအမ်ရက်ပ် မြို့မှာ တွေ့ဆုံခဲ့တယ်။ သူတို့က ကျွန်မတို့ကို  Angkor ဈေးဝယ်စင်တာကိုလည်း ခေါ်သွားတယ်” ဟု Leida က ပြောကြားသည်။

ဂျိုလီတို့ ဇနီးမောင်နှံတွင် အသက် ၁၄ နှစ်အရွယ်ရှိ မက်ဒေါ့ဇ်၊ အသက် ၁၀ နှစ်အရွယ်ရှိ ဇာဟာရာ၊ အသက် ကိုးနှစ်အရွယ်ရှိ ရှီလော့်ရှ်၊ အသက် ၁၂ နှစ်အရွယ်ရှိ ပက်ဇ်၊ အသက် ခြောက်နှစ် အရွယ်ရှိ နော့ဇ်နှင့် အသက် ၆ နှစ်အရွယ်ရှိ ဗီဗီအန်နီ သားသမီးခြောက်ယောက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly