နယူးယောက်မှသည် တိုကျိုအထိ ဘောင်းဘီချွတ် ရထားစီးပွဲတော်

နယူးယောက်မှသည် တိုကျိုအထိ ဘောင်းဘီချွတ် ရထားစီးပွဲတော်

နယူးယောက်၊ ဇန်နဝါရီ - ၁၂ ။            ။ နယူးယောက်မှသည် တိုကျိုအထိ၊ မက်ဒရစ်မှသည် မော်စကိုအထိ၊ ထောင်ပေါင်းများစွာသော လူထုတွေဟာ တနင်္ဂနွေနေ့မှာ အများပြည်သူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ ဘောင်းဘီမဝတ်ပဲ စီးနင်းရေးဆိုတဲ့ ရဲတင်းလှတဲ့ မစ်ရှင်ကို စွန့်စားအကောင်အထည်ဖော်ကြဖို့ ကမ္ဘာနှင့်အဝန်းက မြေအောက်ရထား ဘူတာရုံတွေဆီကို ဆင်းလာခဲ့ကြပါတယ်။

မူလက နယူးယောက်အခြေစိုက် ဟာသစုပေါင်းအဖွဲ့ Improv Everywhere က အစပြုခဲ့တဲ့ ဘောင်းဘီချွတ်ရထားစီးပွဲတော်ရဲ့ ၁၅ကြိမ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ကို အောက်ပိုင်းဗလာကျင်း အတွင်းခံမျှသာဝတ်ဆင်ထားတဲ့ ကျား မတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီပွဲတော်ရဲ့ နာမည်အရကို ဒီပွဲကို ပါဝင်ဆင်နွှဲသူတွေဟာ အတွင်းခံတွေ၊ ဒါမှမဟုတ် ဆောင်းရာသီ ဘောင်းဘီတိုတွေ ဝတ်ဆင်ပြီး ရထားစီးကြရပါတယ်။

‘ပါဝင်ဆင်နွှဲသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မသိသလိုပဲ နေကြရပါတယ်။ သူတို့အားလုံးက ဆောင်းရာသီကုတ်အင်္ကျ ီတွေ၊ ဦးထုပ်တွေ၊ ခေါင်းဆောင်းတွေ၊ လက်အိတ်တွေ ဝတ်ထားကြပေမယ့်လည်း တစ်မူထူးခြားတာတစ်ခုက ဘောင်းဘီမဝတ်ကြတာပါပဲ’’လို့ Improv Everywhere က သူ့ဝဘ်ဆိုက်မှာ ရှင်းပြထားပါတယ်။

ဒီနှစ်ဘောင်းဘီချွတ်ပွဲကိုတော့ နိုင်ငံပေါင်း ၂၅နိုင်ငံက မြို့ကြီး ၆၀ကျော်မှာ ကျင်းပနေကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly