ပရီးမီးယားလိဂ်အသင်းကြီးများ၏ နည်းပြများကို ဂွါဒီယိုလာတောင်းပန်

ပရီးမီးယားလိဂ်အသင်းကြီးများ၏ နည်းပြများကို ဂွါဒီယိုလာတောင်းပန်

မန်ချက်စတာ၊ ဇန်နဝါရီ ၁၂ ။            ။ ရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာတော့မည်ဖြစ်ပြီး အင်္ဂလန်တွင် နည်းပြလိုသည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးများ၏ နည်းပြများအပေါ်တွင် ဖိအားများကျရောက်ခဲ့လျှင် တောင်းပန်ပါကြောင်း ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်ထပ်မံတိုးမြှင့်ရန် ငြင်းဆန်ခဲ့ပြီး အင်္ဂလန်တွင် နည်းပြရန် ရည်ရွယ်လျက်ရှိသည်။ ၎င်းကို မန်စီးတီးအသင်းက ခေါ်ယူရန် ကြိုးပမ်းနေသလို မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ကလည်း ခေါ်ယူလိုလျက်ရှိနေကြသည်။

'ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့နည်းပြဘဝ၊ ကစားသမားဘဝက ပုံမှန်ပါပဲ။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အများကြီးလေးစားပါတယ်။ ဒါကြောင့် တကယ်ကိုတောင်းပန်ပါတယ်။ သူတို့အပေါ်ကို ဖိအားတွေကျရောက်စေဖို့ မရည်ရွယ်ပါဘူး' ဟု ဂွါဒီယိုလာက ပြောသည်။

ထို့အပြင် ဂွါဒီယိုလာက ၎င်း၏အသင်းသစ်ကို စာချုပ်တွင် လက်မှတ်ရေးထိုးသည့်အခါမှသာ ပြောမည်ဟု ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly