တရုတ် ဒု-လုံခြံုရေးဝန်ကြီးဟောင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

တရုတ် ဒု-လုံခြံုရေးဝန်ကြီးဟောင်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

ပေကျင်း၊ ဇန်နဝါရီ ၁၂ ။          ။ တရုတ်၏ ဒုတိယ ပြည်သူ့လုံခြုံရေးဝန်ကြီးဟောင်း လီတုန်ရှန်းသည် ခြစားသည့်ပြစ်မှုများကျူးလွန်မှုဖြင့် ထောင် ၁၅ နှစ်ချမှတ်ခံရကြောင်း နိုင်ငံပိုင်းစီစီတီဗွီရုပ်သံက ၎င်း၏ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၂က ဖော်ပြခဲ့သည်။

လီသည် ၁၉၉၆မှ ၂၀၁၃ အတွင်း ယွမ်ငွေ ၂၂ သန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅ သန်း) တန်ဘိုးရှိ ပိုင်ဆိုင်မှုပစ္စည်းများတရားမဝင်လက်ခံမှု၊ ရာထူးအာဏာကို အလွဲသုံးစားလုပ်မှုတို့ဖြင့် အောက်တိုဘာက အရှေ့မြောက်ပိုင်းရှိ ထျန်ကျင်းမြို့တွင် တရားရုံးတစ်ခု၌ အမှုရင်ဆိုင်ခဲ့ရသည်ဟု နိုင်ငံပိုင် ရှင်ဟွာသတင်းအေဂျင်စီကလည်း ဖော်ပြခဲ့သည်။

လီသည် ဇွန်လက ထောင်ဒဏ်တစ်သက်ချခံရသော တရုတ်လုံခြုံရေးအကြီးအကဲဟောင်း ကျိုးယုံကန်းနှင့် ပတ်သက်မှုရှိသူဖြစ်သည်။ နှစ်ပေါင်း ၇၀အတွင်း တရုတ်၏ အုတ်အော်သောင်းတင်းအဖြစ်ဆုံး ခြစားမှုအရှုပ်တော်ပုံတွင် လျှို့ဝှက်တရားခွင်စစ်ဆေးပြီးနောက် ကျိုးကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly