ပုဒ်မ ၄၃၆ (က) ကို မဲခွဲချိန်တွင် ကိုယ်စားလှယ်အားလုံး လွှတ်တော်တက်ကြရန် ဦးရွှေမန်းတိုက်တွန်း

ပုဒ်မ ၄၃၆ (က) ကို မဲခွဲချိန်တွင် ကိုယ်စားလှယ်အားလုံး လွှတ်တော်တက်ကြရန် ဦးရွှေမန်းတိုက်တွန်း

နေပြည်တော် (မဇ္ဈိမ)။ ။ အခြေခံ ဥပဒေ၏ အရေးကြီးသော ပုဒ်မတစ်ခုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)အား တစ်ပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်ကြမည့် ဇွန်လ ၂၅ ရက်တွင် လွှတ်တော်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာတက်ရောက်ကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တိုက်တွန်းထားသည်။

 အဆိုပါ ပုဒ်မအား သုံးရက်ကြာဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ကြမည့်နေ့တွင်  ကိုယ်စားလှယ် အားလုံး လွှတ်တော်သို့ တက်ရောက်ကြရန် ဇွန်လ ၂၄ ရက်တွင် သူရဦးရွှေမန်းက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

 ယင်းပုဒ်မအား ဇွန် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လွှတ်တော်အမတ် ၃၂ ဦး ဆွေးနွေးခဲ့ကြပြီးဖြစ်ကာ ဇွန် ၂၅ ရက်တွင် လွှတ်တော် အမတ် ငါးဦးတို့ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်သည်။

 လွှတ်တော်အမတ်ဦးရေစုစုပေါင်း ၆၃၃ ဦးရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် ဇွန် ၂၃ ရက်တွင် လွှတ်တော်အမတ် ၅၅၉ ဦးနှင့် ၂၄ ရက်တွင် ၅၇၇ ဦးတို့သာ အစည်းအဝေးသို့တက်ရောက်ကြသည်။

 အဆိုပါပုဒ်မအား ဆုံးဖြတ်ချက်ပေးမည့် မဲခွဲစနစ်အပေါ် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က “မနက်ဖြန်မဲပေးရင် ထိုင်၊ ထ ကြိုက်တယ်။ ရှင်းရှင်းလင်းလင်းပဲ” ဟု မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly