တရုတ်နိုင်ငံ Jiangsu ရုပ်မြင်သံကြားလိုင်း၏ တရုတ် နှစ်ကူးအစီစဉ်တွင် ဖျော်ဖြေပေးရန် ဖိတ်ကြားခံရသည့် Girls’ Generation အဖွဲ့

တရုတ်နိုင်ငံ Jiangsu ရုပ်မြင်သံကြားလိုင်း၏ တရုတ် နှစ်ကူးအစီစဉ်တွင် ဖျော်ဖြေပေးရန် ဖိတ်ကြားခံရသည့် Girls’ Generation အဖွဲ့

တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့သည် တရုတ် ရုပ်သံ လိုင်း Jiangsu TV ၏ တရုတ်နှစ်သစ်ကူး အစီစဉ်တွင် ပါဝင်ဖျော်ဖြေပေးရန် ဖိတ်ကြားခံရသည်။

Girls’ Generation အဖွဲ့သည် တရုတ်နှစ်ကူး အစီစဉ်တွင် ပါဝင်ဖျော်ဖြေရန် ဖိတ်ကြားခံရသည့် တစ်ခုတည်းသော ကိုရီးယား တေးဂီတအဖွဲ့ ဖြစ်လာမည် ဖြစ်သည်။ ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပပြု လုပ်မည့် တရုတ်နှစ်သစ်ကူး အထူးအစီစဉ်တွင် ပါဝင်ဖျော်ဖြေပေးရန် ကမ်းလှမ်းခံခဲ့ရကြောင်း  Girls’ Generation အဖွဲ့ အေဂျင်စီ SM Entertainmentက အတည်ပြု ပြောကြားသည်။

Girls’ Generation အဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် ကိုရီးယားစံတော်ချိန် ည ၇ နာရီ မိနစ်သုံး ဆယ်အချိန်တွင် တရုတ် အနုပညာရှင်များနှင့် ဖျော်ဖြေသွားမည် ဖြစ်သည်။ Girls’ Generation အဖွဲ့ သည် “Lionheart” နှင့် “Gee” တေးသီချင်းများကို ဖျော်ဖြေသွားရန် မျှော်မှန်းထားသည်။

Girls’ Generation အဖွဲ့သည် ၎င်းတို့၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲများနှင့် အလုပ်များလျက်ရှိပြီး ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖျော်ဖြေသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly