ရွှေကိုမှ စားချင်သများအတွက် ဒေါ်လာတစ်ရာတန် ရွှေဒိုးနပ်

ရွှေကိုမှ စားချင်သများအတွက် ဒေါ်လာတစ်ရာတန် ရွှေဒိုးနပ်

ငွေပိုသုံးနိုင်တဲ့ နယူးယောက် အစားအိုးတွေအတွက် အထူးတလည် ဈေးကြီးလှတဲ့ သရေစာ အသစ်တစ်မျိုးက ဆွဲဆောင်နေပါတယ်။ အဲဒါကတော့ ၂၄ ကာရတ် ရွှေဖတ်ကလေးတွေ အုပ်ထားတဲ့ ဒေါ်လာ ၁၀၀ တန် ရွှေဒိုးနပ်ပဲ ဖြစ်ပါတယ်။

ဘီဂျောန်း ဒီလာခရုနဲ့ ဆမ်မြူရယ်ဝဲတို့ ဖိလစ်ပိုင် ညီအစ်ကိုနှစ်ယောက်ပိုင်တဲ့ ဘရွတ်ကလင်း သရေစာဆိုင် Manila Social Club က သူတို့ရဲ့ The Golden Cristal Ube Donut လို့ခေါ်တဲ့ ရွှေဒိုး နပ်ကို အင်စတာဂရမ် ပို့စ်တစ်ခုမှာ ဒေါ်လာ ၁၀၀ ဈေးနှုန်းကတ်ပြားနဲ့တကွ တင်ထားလို့ အများပြည် သူတွေ မစားခင် အရင်ကြည့်နိုင်ကြပြီ။

ဒီဒိုးနတ်ရဲ့ ဖန်တီးရှင်ဖြစ်တဲ့ ဒီလာခရုကတော့ ဒီဈေးကြီးလှတဲ့ အချိုပွဲဟာ လူကြိုက်များ အောင် လုပ်တာလို့ ဝန်ခံပါတယ်။ “ဒါက လူစိတ်ဝင်စားစေတဲ့ နည်းပေါ့။ စိတ်ဝင်စားကြမယ်ဆိုတာ သိသာပါတယ်။ ဒိုးနပ်ပေါ်မှာ ရွှေအုပ်ထားတာပါ။ ဟန်ဆောင်နေစရာ မလိုပါဘူး’’ လို့ ဒီလာခရုက WPIX-TV ကို ပြောကြားခဲ့ ပါတယ်။ ဒီဒိုးနပ်မှာ Manila Social Clubရဲ့ ဟင်းလျာတွေမှာ အတွေ့ရများတဲ့ ube လို့ခေါ်တဲ့ ခရမ်း ရောင် ယမ်တစ်မျိုးပါသလို၊ စားလို့ရတဲ့ ရွှေဖတ်ရွှေမှုန် ၂၄ ကာရတ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly