တရုတ်က ဒေသတွင်းလေကြောင်း လုံခြံုရေးကို ခြိမ်းခြောက်နေဟု ဗီယက်နမ်စွပ်စွဲ

တရုတ်က ဒေသတွင်းလေကြောင်း လုံခြံုရေးကို ခြိမ်းခြောက်နေဟု ဗီယက်နမ်စွပ်စွဲ

ဟနွိုင်း၊ ဇန်နဝါရီ - ၁၁ ။                ။ နိုင်ငံပိုင်မီဒီယာ၏ သတင်းပို့ချက်အရ တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းတန်းများဆီသို့ မကြေညာဘဲ ၎င်း၏ လေပိုင်နက်ကို ဖြတ်ပျံခြင်းအားဖြင့် ဒေသတွင်း လေကြောင်းလုံခြုံမှုကို ခြိမ်းခြောက်နေသည်ဟု ဗီယက်နမ်က စွပ်စွဲခဲ့သည်။

ဇန်နဝါရီလ၏ ပထမပတ်အတွင်းတွင် ယင်းကဲ့သို့သောဖြစ်ရပ် ၄၆ခုကို လေကြောင်းအာဏာပိုင်များက မှတ်တမ်းတင်ထားခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ဆန့်ကျင်ကန့်ကွက်သည့်စာများကို ပေကျင်းနှင့် ကုလသမဂ္ဂ လေကြောင်းအဖွဲ့ကြီးသို့ ပေးပို့ထားသည်ဟု ဆိုသည်။

ဗီယက်နမ်မှာ တောင်တရုတ်ပင်လယ်ကို တရုတ်၏ အချုပ်ခြာပိုင်ကြောင်း ပြောဆိုချက်ကို အန်တုဖက်ပြိုင်နေသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်နေသည်။

ဗီယက်နမ်ကလည်း ၎င်းပိုင်ဆိုင်သည်ဟု ပြောဆိုထားသည့် စပရတ်တလေကျွန်းများပေါ်တွင် တည်ဆောက်ထားသည့် ကျွန်းတုများပေါ်သို့ တရုတ်က လေယာဉ်များ စမ်းသပ်ပျံသန်းနေသောကြောင့် ထိုသို့ ပျံသန်းမှုက မိမိ၏ အချုပ်ခြာအာဏာကို ချိုးဖောက်ရာရောက်သည်ဟု ဗီယက်နမ်က ဒေါသူပုန်ထလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly