ငြိမ်းချမ်းရေး ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဟုဆို

ငြိမ်းချမ်းရေး ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဟုဆို

ဇန်နဝါရီ ၁၂ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ၁၀မိနစ်ခန့် ပြောကြားမည်ဟု Myanmar Peace Centerနှင့် နီးစပ်သောသတင်းရပ်ကွက်များမှ သိရှိရကြောင်း NLD ၏ ဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

ယင်း ငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသားအဖွဲ့အစည်းအချို့က မကျင်းပသေးရန် ကန့်ကွက်မှုများလည်း ရှိနေပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကမူ တက်မည်မဟုတ်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly