ပုဒ်မ ၅၉(စ) ကို မူလ အတိုင်းထားရှိရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ဆွေးနွေး

ပုဒ်မ ၅၉(စ) ကို မူလ အတိုင်းထားရှိရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ဆွေးနွေး

နေပြည်တော်၊ဇွန်၂၄ ။     ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရန် တားဆီးနေသော ပုဒ်မ တစ်ခုဖြစ်သည့် ပုဒ်မ ၅၉(စ) အား မူလအတိုင်းထားရှိပြီး ဥပဒေကြမ်း၏ ပြင်ဆင်မှုအား မထောက်ခံကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချူပ် တင်စိုးက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလိုက်သည်။  

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချူပ်တင်စိုးက  “ပုဒ်မ ၅၉(စ)ကို မူလ အတိုင်းသာထားရှိ သင့်ကြောင်း တင်ပြ လိုပါတယ်”ဟု ပြောသည်။

ပုဒ်မ၅၉ (စ)နှင့် ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က နိုင်ငံတော် အကြီးအကဲ သမ္မတသည် လုပ်ပိုင်ခွင့် အပြည့်အဝရှိသူဖြစ်သည်ဟုဆိုသည်။ ထိုကြောင့် ၎င်း၏ မိသားစု ဝင်များသည် တိုင်းတစ်ပါး၏ ကျေးဇူးသစ္စာ ခံယူနေရသူ များဖြစ် လျှင် တိုင်းပြည်သည်လည်း သွယ်ဝိုက် သောနည်းဖြင့် နိင်ငံခြားရဲ့လက်အောက်ခံဖြစ်သွားနိုင်သည်ဟု ဗိုလ်မှုးချူပ် တင်စိုးကပြော သည်။

၎င်းက “နိုင်ငံတော်အကြီးအကဲ အဖြစ်လည်းကောင်း အမျိုးသားခေါင်းဆောင် အဖြစ်သော် လည်းကောင်း အမျိုးသား အကျိုး စီးပွားကို ဦးလည်မသုံ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ် ၎င်းအပြင် တိုင်းရင်းသားပြည်သူလူထုရဲ့ သံသယ ကင်းစွာ ဖြင့် ယုံကြည်မှုရရှိပြီး စီမံအုပ်ချုပ် ဖို့အထူး လိုအပ်ပါတယ်။ နိုင်ငံခြားသားနှင့်တစ်နည်း တစ်ဖုံ မပတ်သက်တဲ့ လုံးဝကင်းရှင်း တဲ့သူဖြစ်မှသာလျှင် စီမံခန့်ခွဲမှု မှာလည်းသံသယရှင်းပြီး ယုံကြည်ကိုးစားမှုအပြည့် အဝရရှိမှာဖြစ်ပါတယ်”ဟု  ပြောသည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ပုဒ်မ ၅၉ (စ) အားပယ်ဖျက်ပေးရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျှက်ရှိသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က မူလဥပဒေ ပုဒ်မ ၅၉ (စ) အတိုင်းသာထား ရှိရန်ဆွေးနွေးပြီး ပြင်ဆင်ချက် ဥပဒေ ကြမ်း၏ သမက်နှင့်ချွေးမ (နိုင်ငံခြားသား မဖြစ်စေရ ဟူသော အချက်) ကို ဖျက်ထားခြင်းကိုလည်း မထောက်ခံဟုဆိုသည်။

၎င်းက ဆက်လက်ပြီး “ ပုဒ်မ၅၉ (ဃ) (သမ္မတက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး အမြင်များ ရှိရမည် ဆိုသော အချက်) ကို အခု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အများစုက ဆွေးနွေးကြမှာဖြစ်ပါတယ်။

တပ်မတော်သားကိုယ်စားလှယ်များအနေနဖြင့် လုံခြုံရေးဆိုင်ရာ တွင် စစ်ရေးထက်ကျယ်ပြန့်သည့် ကာကွယ် ရေးဆိုသည့် စကားကို အစားထိုးခြင်းအတွက်ထောက်ခံ ကြောင်း တင်ပြအပ်ပါတယ်” ဟု လည်း ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ကိုပြင်ဆင်ရန် အတွက် ပြည်ထောင်စုလွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြရာ ယနေ့ကျင်းပသည့် (ဇွန်လ၂၄ရက်နေ့) ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၆၃) ရက်မြောက်နေ့သည် ဒုတိယမြောက်နေ့အဖြစ် လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးကဆက်လက်ဆွေး နွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly