ရာသီကုန်တွင် တန်းမဆင်းရရန်သာ မျှော်လင့်ထားသည်ဟု ဟော်ရဇွန်နည်းပြဆို

ရာသီကုန်တွင် တန်းမဆင်းရရန်သာ မျှော်လင့်ထားသည်ဟု ဟော်ရဇွန်နည်းပြဆို
ဟော်ရဇွန်အသင်းနည်းပြချုပ် ပါလာကို ဇေယျာရွှေမြေနှင့်ပွဲအပြီသတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။ (ဓာတ်ပုံ - MFF)

ဇန်နဝါရီ ၁၀၊ ရန်ကုန်။          ။ မြန်မာနေရှင်နယ်လိဂ် တန်းတက်အသင်းတစ်သင်းဖြစ်သော ဟော်ရဇွန်အက်ဖ်စီ အသင်းနည်းပြချုပ် ပါလာ က အသင်း၏ရည်မှန်းချက်မှာ ရာသီကုန်တွင် တန်းမဆင်းရရန်သာ ဖြစ်သည်ဟု ပြောသည်။

ဟောရဇွန်အသင်းမှာ မြန်မာနေရှင်နယ်လိဂ်တွင်ပထမဆုံးနိုင်ငံခြားသားပိုင်အသင်းတစ်သင်းဖြစ်ပြီး အသင်းသက်တမ်းလေးနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ်-၂မှ မြန်မာနေရှင်နယ်လိဂ်သို့ တန်းတက်နိုင်ခဲ့ခြင်းဖြစ် သည်။

“အသင်းရဲ့အနေအထားက အားလုံးသိကြမှာပါ။ လူငယ်တွေနဲ့ဖွဲစည်းထားတဲ့အသင်းတစ်သင်းအတွက် အမြင့်ဆုံးမျှော်လင့်ချက်ကတန်းမဆင်းရဖို့ပါ။ ဒီအတွက် အဆင့် ၈၊ ၉ လောက်ရဖို့လိုပါတယ်။ ကစားသမားအများစုက ပွဲကြီးအတွေ့အကြုံမရှိလို့ တန်းမဆင်းရဖို့ပဲ အဓိက ရည်ရည်ထားပါတယ်။”ဟု ပါလာက ဆိုသည်။

ဟော်ရဇွန်အသင်းသည် ရာသီကုန်တွင်တန်းမဆင်းရစေရန်အတွက် အသင်းကို ပြင်ဆင်မှုကြီးကြီးမားမား ပြုလုပ်ထားပြီး ဝါရင့်ကစားသမားများအဖြစ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စိုးကျော်ကျော်၊ မြန်မာ့ လက်ရွေးစင်နောက်ခံလူဟောင်း အောင်သိုက်တို့ကို စာချုပ်ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly