ဒီဇင်ဘာလ လာလီဂါအကောင်းဆုံး ကစားသမားဆုကို ဒီပို့တိုက်စစ်မှူး လူးကပ်စ်ပီရက်စ် ရရှိ

ဒီဇင်ဘာလ လာလီဂါအကောင်းဆုံး ကစားသမားဆုကို ဒီပို့တိုက်စစ်မှူး လူးကပ်စ်ပီရက်စ် ရရှိ

စပိန်၊ ဇန်နဝါရီ ၁၀ ။            ။ ဒီဇင်ဘာလအတွက် ပေးအပ်သည့် လာလီဂါအကောင်းဆုံးဘောလုံးသမားဆုကို ဒီပို့တီဗိုတိုက်စစ်မှူး လူးကပ်စ်ပီရက်စ်က ရရှိသွားခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ပီရက်စ်သည် ယခုရာသီတွင် ဒီပို့တီဗိုအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး လာလီဂါတွင် ၁၂ ဂိုးအထိသွင်းယူထားသည်။ ထို့အပြင် ပီရက်စ်သည် ဒီဇင်ဘာလအတွင်းကစားခဲ့သည့် ဒီပို့တီဗို၏ ပွဲစဉ်များတွင် သုံးဂိုးသွင်းယူပေးခဲ့သည်။

ဒီပို့တီဗိုအသင်းမှာ ဒီဇင်ဘာလအတွင်း ပွဲစဉ် ခြောက်ပွဲကစားခဲ့ရာတွင် လေးပွဲသရေကျပြီး နှစ်ပွဲ အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်များတွင် ဘာစီလိုနာနှင့် ဆီဗီလာတို့လို အသင်းကြီးများနှင့် ပွဲစဉ်များပါဝင်ခဲ့သော်လည်း သရေရလဒ်ရရှိအောင် ကစားနိုင်ခဲ့သည်။

လူးကပ်စ်သည် လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိသည့် ပထမဆုံး ဒီပို့တီဗိုကစားသမားလည်းဖြစ်သည်။ ၎င်း၏ ဂိုးသွင်းစွမ်းရည်၊ ကောင်းမွန်သည့်ကစားပုံနှင့် ယခုရာသီတွင် လာလီဂါ၌ ကြောက်စရာကောင်းသည့်တိုက်စစ်မှူးများတွင် ပါဝင်မှုကြောင့် ယခုကဲ့သို့ ဆုပေးအပ်ရခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။

ရည်ညွှန်း လာလီဂါ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly