မည်သည့်အသင်းနှင့်မဆိုဂွာဒီယိုလာ အောင်မြင်နိုင်သည်ဟု ဟစ်ဒင့်ထောက်ခံ

မည်သည့်အသင်းနှင့်မဆိုဂွာဒီယိုလာ အောင်မြင်နိုင်သည်ဟု ဟစ်ဒင့်ထောက်ခံ

ဇန်နဝါရီ ၁၀၊ လန်ဒန် ။                      ။ ချယ်လ်ဆီးကာလတိုနည်းပြ ဟစ်ဒင့်က အကယ်၍စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဂွာဒီယာလာကို ၎င်း၏နေရာဆက်ခံသူအဖြစ်မြင်ရလျှင် အံ့သြမိမည် မဟုတ်ကြောင်းနှင့် ဂွာဒီယိုလာသည် မည်သည့်အသင်းနှင့်မဆို အောင်မြင်နိုင်သူဖြစ်ကြောင်း ပြောသည်။

ဟစ်ဒင့်သည် ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းဆိုးရွားသောရလဒ်များနှင့်အတူ မော်ရင်ဟိုထွက်ခွာသွားရချိန်၌ ချယ်လ်ဆီးနည်းပြအဖြစ် ရာသီကုန်ထိခန့်အပ်ခံထားရသူဖြစ်သည်။

ဂွာဒီယိုလာသည် အင်္ဂလန်သို့လာရောက်ရန်ဆုံးဖြတ်ချက်ဖြင့် ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်ကိုစွန့်ခွာမည်ဖြစ်ပြီး ချယ်လ်ဆီးသို့ရောက်လာ မည်ဟုလည်း ခန့်မှန်းခံနေရသူဖြစ်သည်။

မန်ယူနှင့်မန်စီးတီးတို့ကလည်းစိတ်ဝင်စားနေသည့် ဂွာဒီယိုလာသည့် မည်သည့်အတွက်ကြောင့် ပရီးမီးယားလိဂ်သို့လာရောက်အစမ်းသပ်ခံ လိုကြောင်းကို ဟစ်ဒင့်က နားလည်ထားသည်။

"သူ ဒီမှာ အဆင်ပြေပါ့မလားဆိုတဲ့မေးခွန်းအတွက်ဖြေရရင် ဂွာဒီယိုလာဟာ ကမ္ဘာပေါ်က ဘယ်အသင်းကြီးနဲ့မဆို အဆင်ပြေမယ့်သူပါ။ ကျွန်တော်တို့တွေလုပ်နေကြအတိုင်း သူဟာ တခြားနည်းပြတွေကို ဖိအားတွေပေးမယ့်သူမျိုး မဟုတ်ပါဘူး။

ကျွန်တော်စပိန်လိဂ်မှာနှစ်အတော်ကြာအလုပ်လုပ်ဖူးပြီး လာလီဂါဟာ သိပ်လှတဲ့ပြိုင်ပွဲတစ်ပွဲပဲ။ ဂွာဒီယိုလာလည်း လုပ်ဖူးတယ်။ ဒါကြောင့် လိဂ်နှစ်ခုမှာအလုပ်လုပ်ဖူးပြီးနောက် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ကိုလာဖို့ ဆုံးဖြတ်ခဲ့တာပါ။

သူ့ဘက်ကလိုက်ပြီးပြောနေတာမဟုတ်ပေမယ့် ဂွာဒီယိုလာဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံးလိဂ်တစ်ခုကိုလာဖို့အတွက် ထွေထွေထူးထူး ဆုံးဖြတ်ခဲ့ရပုံမပေါ်ပါဘူး"ဟု ဟစ်ဒင့်ကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly