ဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ခြင်းက ရီးယဲလ်အတွက် ကောင်းမွန်သည့် လုပ်ရပ်ဟု မိုဒရစ်ဆို

ဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ခြင်းက ရီးယဲလ်အတွက် ကောင်းမွန်သည့် လုပ်ရပ်ဟု မိုဒရစ်ဆို

မက်ဒရစ်၊ ဇန်နဝါရီ ၁၀ ။             ။ နည်းပြ ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်လိုက်ခြင်းသည် ရီးယဲလ်အသင်းအတွက် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည်ဟု ကွင်းလယ်လူ မိုဒရစ်က ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် နည်းပြသစ် ဇီဒန်း၏ လက်ထက်တွင် ပထမဆုံးပွဲစဉ်၌ ဒီပို့တီဗိုအသင်းကို အိမ်ကွင်းတွင် ၅-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။ ရီးယဲလ်အတွက် အနိုင်ဂိုးများကို ဘေးလ်က သုံးဂိုး၊ ဘန်ဇီမာက နှစ်ဂိုးသွင်းယူပေးခဲ့သည်။

ဒီပို့တီဗိုအသင်းကို အနိုင်ရရှိခဲ့သော ရလဒ်သည် ဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ခြင်းမှာ မှန်ကန်ကြောင်း ပြသခြင်းဖြစ်သည်ဟုလည်း မိုဒရစ်က ဆိုသည်။

'ဘင်နီတက်ဇ်ပြုလုပ်ပေးခဲ့တဲ့ အရာတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမှန်အတိုင်း ရိုးသားစွာ ပြောရမယ်ဆိုရင် ဒီလိုအပြောင်းအလဲ ပြုလုပ်လိုက်တာက တကယ်ကို ကောင်းပါတယ်။

ဘယ်အချိန်ပဲဖြစ်ဖြစ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရပြီဆိုရင် တစ်စုံတစ်ယောက်ကတော့ ပေးဆပ်ရမှာပါပဲ။ ရိုးရိုးသားသားပြောရရင်တော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေကနဲ့ အခုပွဲကို ယှဉ်ကြည့်လိုက်ပါ' ဟု မိုဒရစ်က ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly