စင်ကာပူတွင် လူသတ်ရန် ကြိုးပမ်းမှုဖြင့် သံသယရှိသူ မြန်မာ အမျိုးသား သုံးဦးကို ဖမ်းဆီး

စင်ကာပူတွင် လူသတ်ရန် ကြိုးပမ်းမှုဖြင့် သံသယရှိသူ မြန်မာ အမျိုးသား သုံးဦးကို ဖမ်းဆီး

မြန်မာနိုင်ငံသားနှစ်ဦးနှင့် စင်ကာပူ အမြဲတမ်းနေထိုင်ခွင့်ရသူ PR တစ်ဦးတို့ကို လူသစ်မှုကျူးလွန်ရန် အားပေးကြံစည်မှုဖြင့် ဇွန် ၂၄ က တရားစွဲဆိုထားသည်။

မြန်မာနိုင်ငံသားနှစ်ဦးမှာ အသက် ၃၂ နှစ်ရှိ ရဲရင့်အောင်နှင့် အသက် ၃၁ နှစ်အရွယ် ဖြိုးမင်းနိုင်တို့ ဖြစ်ပြီး စင်ကာပူတွင် အမြဲနေ ထိုင်ခွင့်ရထားသူမှာ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလှိုင်ဖြစ်သည်။

အဆိုပါသုံးဦးသည် အောင်အောင်ခေါ် ဝင်းကျော်ကျော်သက်နှင့် အတူ စင်ကာပူ PR ရထားသူ တစ်ဦး ဖြစ်သူ အေးမောင်မောင် သက်ကို ဇွန် ၂၀ က သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

အောင်အောင်၊ ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့သည် ပါဆီယာလမ်း အမှတ် ၇၁၊ အကွက် ၇၄၇ အေ ရှိ ကားပါကင်တွင် ဇွန် ၂၁၊ နံနက် ကိုးနာရီခွဲခန့်က ဓါးစာခံကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သည်။

ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့သည် ယာယီမလှုပ်နိုင်အောင်တိုက်ခိုက်နိုင်သည့် လျှပ်စစ်လက်နက် electric taser ကို သုံးပြီး တိုက်ခိုက်ခဲ့သည်ဟု CAN ကဖော်ပြသည်။

အဆိုပါ သုံးဦးကို ရဲတပ်ဖွဲ့က ဇွန် ၂၂ တွင် ဖမ်းဆီးခဲ့စဉ် အသားစင်းစက်၊ ချိန်းကြိုး၊ မီးဖိုချောင် သုံးဓါးများ၊ ဓါတ်ငွေ့သုံးချက်ပြုတ် အိုး၊ ဓါတ်ငွေ့ထည့်ဆလင်ဒါအိုး၊ ဘီးတပ်ခရီးဆောင်အိတ်များ၊ ပလတ်စတစ်ချပ်များ၊ အသားခုတ်ဓါး၊ ခါးစည်းများ၊ စဉ်းတီတုံး နှင့် ရာဘာဖိနပ်များကိုလည်း သိမ်းဆည်းခဲ့သည်။

စွပ်စွဲခံရသူ သုံးဦးကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ် ချုပ်ထားမည်ဖြစ်ပြီး အမှုကို ဇူလိုင် တစ်ရက် တွင် ကြားနာမည်။

ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ၁၄ နှစ် အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ဒဏ်ငွေလည်း ချမှတ်ခံရနိုင်သည်။

ရဲတပ်ဖွဲ့က အဆိုပါ သုံးဦးနှင့်အတူ ကျူးလွန်သည်ဟု ယူဆနေသော အသက်၂၉ နှစ်အရွယ် အောင်အောင်ကို ရှာဖွေလျက်ရှိ သည်။

Ref; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly