တောင်ကိုရီးယားမင်းသမီး Shin Ae သားလေးမွေးဖွား

တောင်ကိုရီးယားမင်းသမီး Shin Ae သားလေးမွေးဖွား

ဆိုးလ်၊ ဇန်နဝါရီ ၉ ။            ။ တောင်ကိုရီးယား မင်းသမီး Shin Ae သည် သားလေးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း လက်ရှိအချိန်တွင် Shin Ae သည် ကျန်းကျန်းမာမာရှိကြောင်း သတင်း ထုတ်ပြန်သည်။

Shin Ae သည် ၂၀၀၁ ခုနှစ်က ကြော်ငြာမော်ဒယ်အဖြစ် အနုပညာလောကသို့ စတင် ဝင်ရောက်ခဲ့ပြီးနောက် ဒရမ်မာဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။၂၀၀၉ ခုနှစ်က “Empress Chun Chu” ဒရမ်မာ ဇာတ်ကားတွင် ပါဝင်ခဲ့ပြီး ၂၀၀၈ ခုနှစ်က “We Got Married” ဇာတ်ကားတွင် ပါဝင်ခဲ့သည်။

Shin Ae သည် ၂၀၀၉ ခုနှစ်က လက်ထပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သမီးဦးလေးကို မွေးဖွားခဲ့ သည်။ Shin Ae သည် မိသားစုအတွက် အချိန်ပေးသွားမည်ဟု ပြောကြားခဲ့သော်လည်း ယခုနှစ်တွင် အနုပညာလောကသို့ ပြန်လည် ဝင်ရောက်ရန် စဉ်းစားလျက်ရှိကြောင်း သတင်း ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags