ဝိတ်ချလိုက်တဲ့ ပက်ခ်ရှင်ဟေး

ဝိတ်ချလိုက်တဲ့ ပက်ခ်ရှင်ဟေး

ဆိုးလ်၊ ဇန်နဝါရီ ၉ ။                ။ တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည် ကိုယ်အလေးချိန် လျော့ချခဲ့ရာ ယခုအခါ သွယ်လျသော ခန္ဓာကိုယ်နှင့် လှပနေသည်ကို တွေ့ရသည်။

ပက်ခ်ရှင်ဟေးသည် ယခုအခါ tvN ရုပ်သံလိုင်း၏ အဆင့်သတ်မှတ်မှု အစီစဉ် “The List” ၌ ဝိတ်ချသည့် အနုပညာရှင်များတွင် မင်းသား ဂျောင်ကောင်ဟိုနှင့် အစီစဉ်ကြေငြာသူ ပက်ခ်ဂျီယွန် ပြီးလျှင် တတိယ သတ်မှတ်ခံထားရသည်။

ပက်ခ်သည် တစ်နေ့လျှင် ထမင်းနှစ်နှပ်သာစားပြီး ည ၆ နာရီနောက်ပိုင်းတွင် ဘာမှမစားပေ။ ပက်ခ်သည် ဗိုက်စားသည့်အခါ သခွားသီး သို့မဟုတ် ဂေါ်ဖီကိုစားကြောင်းနှင့် တစ်ပတ်လျှင် နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် စက်ဘီးစီးပြီး ကခြင်းအပါအဝင် လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်သည်။ ပက်ခ်သည် မကြာခဏဆိုသလို ပဲနီးလေးနှင့် ရွှေဖရံုံသီးတို့ ရောကာ ချက်ထားသော သားငါး အသီးအရွက်ပြုတ် ဟင်းချိုကို သောက်သုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly