မက္ကဆီကို ရှေးဟောင်း သမိုင်းဝင်နေရာမှ မောင်းထုတ်ခံရတဲ့ ဂျက်စတင်ဘီဘာ

မက္ကဆီကို ရှေးဟောင်း သမိုင်းဝင်နေရာမှ မောင်းထုတ်ခံရတဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ်၊ ဇန်နဝါရီ ၁၀ ။             ။ ဆယ်ကျော်သက်အရွယ်များ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာသည် မက္ကဆီကို ရှေးဟောင်း သမိုင်းဝင်နေရာသို့ အလည်အပတ် သွားရောက်စဉ် တားမြစ်ထားသော အဆောက်အဦး ပျက်ပေါ်သို့ တတ်ရောက်ရန် ကြိုးပမ်းခဲ့မှုကြောင့် သမိုင်းဝင်နေရာမှ မောင်းထုတ်ခဲ့ရကြောင်း မက္ကဆီ ကို အရာရှိတစ်ဦးက ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဂျက်စတင်ဘီဘာသည် ဇန်နဝါရီ ၈ ရက်က ပင်လယ်ကမ်းခြေဘက် ရှိ အဆောက်အဦးပျက်သို့ သွားရောက်လည်ပတ်စဉ်  အဆောက်အဦးပေါ် တတ်ရောက်ရန် ကြိုးပမ်း ခဲ့ရာမှာ မောင်းထုတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မနုဿဗေဒနှင့် သမိုင်းဆိုင်ရာ အမျိုးသားတက္ကသိုလ် (INAH)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသွားများသည် မက္ကဆီကိုရှိ ပိရမစ်အချို့ပေါ်သို့ တတ်ရောက်ခွင့် ရှိခဲ့သော်လည်း  တာဝန်ရှိ သူများက ခိုင်ခံမှု မရှိတော့သော အဆောက်အဦးပျက်များတွင် မဝင်ရဟူသော စာများကို ကပ်ထား သည်။ ဘီဘာသည် မက္ကဆီကိုနိုင်ငံ ကာရေဘီယမ် ကျွန်းတောင်ဘက် ခမ်းခေးမြို့ရှိ  ရှေးဟောင်း သုတေသနဒေသ Tulum သို့ ရက်ပေါင်းများစွာကြာ အလည်ပတ် လာရောက်ခဲ့သည်။

“ဘီဘာဟာ တားမြစ်ထားတဲ့ အအောက်အဦးပေါ် တတ်ရောက်ဖို့ ကြိုးစားခဲ့တယ်။ ဘီဘာနဲ့ အပေါင်းအဖော်များဟာ ဘောင်းဘီကို ချွတ်ခဲ့ကြတယ်။ ရှေးဟောင်းနယ်မြေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းကိုလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်။ ကျွန်တော်တို့မှာ  တင်းကြပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင်ရှောက်မှု မူဝါဒတွေ ရှိတယ်။ ခရီးသွားများအားလုံးကို မက္ကဆီကို ယဉ်ကျေးမှု အမွေအနှစ်တွေကို လေးစားဖို့ မေတ္တာရပ်ခံထားတယ်” ဟု INAH ဒါရိုက်တာ အက်ဒ်ရီ အာနာဗီလန်ကွက်ဇ်-မော်လက်က ပြောကြားသည်။

ဘီဘာသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ၎င်း၏ မက္ကဆီကို အားလပ်ရက်ခရီးစဉ်နှင့် စပ်လျဉ်း လူမှုရေး မီဒီယာပေါ်တွင် မျှဝေခဲ့ပြီး နေရောင်အောက်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ရွင် နေသည့်ပုံကိုလည်း တင်ခဲ့သည်။ မက္ကဆီကို ခရီးစဉ်တွင် မော်ဒယ် ဟေးလ်လီဘက်ဒ်ဝင်းလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly