ဘရာဇီးတိုက်စစ်မှူး အီဗန်ကားလို့စ်ကို ဟံသာဝတီခေါ်ယူ

ဘရာဇီးတိုက်စစ်မှူး အီဗန်ကားလို့စ်ကို ဟံသာဝတီခေါ်ယူ
ဟံသာဝတီယူနိုက်တက်အသင်းမှ ဘရာဇီးတိုက်စစ်မှူးအီဗန်ကားလို့စ် (ဓါတ်ပုံ-Hantharwady United Football Club facebook)

ဇန်နဝါရီ ၉၊ ရန်ကုန်။           ။ ၂၀၁၆မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် အဆင့်မီဝင် ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေသော ဟံသာဝတီယူနိုက်တက်အသင်းသည်   နိုင်ငံခြားသားကစားသမား နောက်ဆုံးခေါ်ယူမှုအဖြစ် ဘရာဇီးတိုက်စစ်မှူး အီဗန်ကားလို့စ်ကို ခေါ်ယူခဲ့သည်။

အီဗန်ကားလို့စ်မှာ ဘရာဇီးကလပ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး လာအိုကလပ် ဗီယန်ကျင်းအက်ဖ်စီအသင်းမှ ဟံသာဝတီသို့ပြောင်းလာသူဖြစ်သည်။

“မြန်မာကလပ်အသင်းတစ်သင်းမှာ ကစားခွင့်ရတဲ့အတွက်ကျေနပ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ဟံသာဝတီအသင်းအတွက်အကောင်းဆုံးဖြစ် အောင်ကြိုးစားပြီး ဂိုးတွေသွင်းပေးချင်ပါတယ်။”ဟု အီဗန်ကဆိုသည်။

ဟံသာဝတီအသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် နိုင်ငံခြားသားကစားသမားများအဖြစ် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဘမ်ဘာ၊ ကင်မရွန်းကွင်းလယ်ကစားသမား ဂျော့ဒ်နှင့် ဘရာဇီးတိုက်စစ်မှူး အီဗန်ကားလို့စ်တို့ကို ခေါ်ယူထားပြီး နည်းပြချုပ်အဖြစ် စင်ကာပူလူမျိုးနည်းပြ ဆီဗာဂျီကို ခန့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly