လက်ဘနွန်နှင့်ကစားမည့်ခြေစစ်ပွဲမတိုင်မီ မြန်မာအသင်းစင်ကာပူတွင် တစ်ပတ်လေ့ကျင့်မည်

လက်ဘနွန်နှင့်ကစားမည့်ခြေစစ်ပွဲမတိုင်မီ မြန်မာအသင်းစင်ကာပူတွင် တစ်ပတ်လေ့ကျင့်မည်
မြန်မာလက်ရွးစင်တိုက်စစ်မှူး ကျော်ကိုကို၏ ထိုးဖောက်ကစားဟန် (ဓါတ်ပုံ affsuzukicup.com)

ဇန်နဝါရီ ၉၊ ရန်ကုန်။              ။ မတ်လ ၂၉ရက်တွင် လက်ဘနွန်အသင်းနှင့်၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲစဉ်မတိုင်မီ စင်ကာပူနိုင်ငံတွင် တစ်ပတ်ခန့်သွားရောက် နေထိုင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၂၃ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့်လည်း စင်ကာပူနိုင်ငံတွင်ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာအသင်းမှာ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ပွဲကစားပြီးချိန်တွင် ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၄ပွဲရှုံးထားပြီး အုပ်စုတွင်းအဆင့်၄နေရာတွင်ရပ်တည်နေ သည်။ မြန်မာ့လက်ရွေါ်စင်အသင်းကို ဂျာမနီလူမျိုးနည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က နည်းပြချုပ်အဖြစ်တာဝန်ယူမည် ဖြစ်ပြီး ၎င်းလက်ထက်အဖွင့်ပွဲစဉ်နှစ်ပွဲတွင် ဟောင်ကောင်ကို ၅-ဝ၊ တောင်ကိုရီးယားကို ၄-ဝဂိုးများဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာအသင်းမှာ ၂၀၁၆ဆူဇူကီးဖလားပြိုင်ပွဲအတွက်ပါကြိုတင်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်အတွင်း ခြေစမ်းကစားရန် ဟောင်ကောင်၊ မက်ဆီဒိုးနီးယားအသင်းများကိုလည်းဖိတ်ကြားထားသည်။

ထို့အပြင် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတွင် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအဖြစ် စင်ကာပူ၊ ဗီယက်နမ်နှင့် အရှေ့အလယ်ပိုင်းအသင်းတစ်သင်းပါဝင်မည့် ပြိုင်ပွဲကိုလည်းကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly