တစ်လင်တစ်မယားဥပဒေဖြင့် မန္တလေးတွင် အမျိုးသမီးတစ်ဦး တရားစွဲခံထားရ

တစ်လင်တစ်မယားဥပဒေဖြင့် မန္တလေးတွင် အမျိုးသမီးတစ်ဦး တရားစွဲခံထားရ

ပြီးခဲ့သည့်နှစ်က ပြဋ္ဌာန်းလိုက်သည့် အမျိုးဘာသာစောင့်ရှောက်ရေး ဥပဒေလေးရပ်မှ တစ်ခုဖြစ်သည့် တစ်လင်တစ်မယားဥပဒေဖြင့် မန္တလေးတွင် အမျိုးသမီးတစ်ဦးအား တရားစွဲထားကြောင်း ရဲရင်းမြစ်များကို ကိုးကားလျက် နိုင်ငံပိုင် သတင်းစာက ရေးသားဖော်ပြထားသည်။ 

အသက် ၃၇ နှစ် ဒေါ်ရင်ဌေးဆိုသည့် အမျိုးသမီးကို တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ အရ တရားစွဲထားခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်အတွင်းက ဒေါ်ရင်ဌေးသည် အသက် ၃၅ နှစ်ရှိ ဦးကျော်စံဝင်းနှင့် တရားဝင် လက်ထပ်ထားကြောင်း၊ ဦးကျော်စံဝင်းနှင့် ပေါင်းသင်းနေစဉ်မှာပင် ဦးမျိုးလင်းထွန်းဆိုသူနှင့်လည်း အတူနေထိုင်သည်ကို တွေ့ရှိသဖြင့် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly