Miss Myanmar Yangon 2015 အဖြစ် ဆေးကျောင်းသူ ထွန်းပုလဲရတနာ ရရှိ

Miss Myanmar Yangon 2015 အဖြစ် ဆေးကျောင်းသူ ထွန်းပုလဲရတနာ ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၅ ။     ။ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ဇန်နဝါရီ ၄ရက်က ကျင်းပခဲ့သည့် Miss Myanmar Yangon 2015 အလှမယ် ပြိုင်ပွဲတွင် Miss Myanmar Yangon 2015 အဖြစ် အလှမယ် ထွန်းပုလဲရတနာမှ ရွေးချယ်ခြင်း ခံခဲ့ရသည်။

Miss Myanmar Yangon 2015 အလှမယ် ပြိုင်ပွဲကို  BMB Entertainment မှ ပထမဆုံး အကြိမ် ဦးစီး ကျင်းပခြင်း ဖြစ်သည်။ အလှမယ်ပြိုင်ပွဲ နှင့်အတူ Music Concert ကိုလည်း တစ်ခါတည်း ပူးတွဲပြီး ကျင်းပခဲ့သည်။

ဖျော်ဖြေပွဲတွင် အဆိုတော်များ ဖြစ်ကြသည့် ဖြူဖြူကျော်သိန်း၊ ရဲရင့်အောင်၊ G-Fatt ၊ စိန်လင်း(Aroma)၊ ရွယ်ရွယ် နှင့် အက အဖွဲ့များမှ ပါဝင် ဖျော်ဖြေခဲ့ကြသည်။

ထိုပြိုင်ပွဲတွင် Miss Myanmar Yangon 2015 အဖြစ် ရွေးချယ် ခံရသူကို ကျပ် သိန်း ၃၀၊ 1st Runner up ရရှိသူကို ကျပ် သိန်း ၂၀၊ 2nd runner up ရရှိသူကို ကျပ် ဆယ်သိန်း ချီးမြှင့်ခဲ့ပြီး Miss Myanmar Yangon 2015 Winner အဖြစ် ထွန်းပုလဲရတနာ၊ 1st runner up အဖြစ် ယမင်းမေဦး၊ 2nd runner up အဖြစ် ချမ်းမြေ့သူတို့က ရရှိခဲ့ကြသည်။

Miss Photogenics ဆုကို ယမင်းမေဦး၊ Miss Healthy Skin ဆုကို ထွန်းပုလဲရတနာ၊ Miss Body Beauty ဆုကို Augest Moe တို့မှ အသီးသီး ရရှိခဲ့ကြသည်။

Miss Myanmar Yangon 2015 ပြိုင်ပွဲ အတွက် ဒီဇင်ဘာလထဲတွင် ဖောင်များ စတင် ခေါ်ယူခဲ့ပြီး လာရောက် လျှောက်ထားသူများထဲမှ နောက်ဆုံး ဆန်ခါတင် အယောက် ၂၀ကို ရွေးချယ်ထားခဲ့ပြီး ထို အလှမယ် အယောက် ၂၀ ထဲကမှ Miss Myanmar Yangon 2015၊ 1st Runner up ၊ 2nd runner up တို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Miss Myanmar Yangon 2015 ရရှိ ခဲ့သည့် ဆေးကျောင်းသူ ထွန်းပုလဲရတနာက "သမီး ဒီဆုရတဲ့အတွက် အရမ်း အံ့သြပြီး ဝမ်းသာရပါတယ်။ Winner ဆု ရမယ်လို့ မှန်းလည်းမမှန်းထားပါဘူး။ Winner ဆု ရတဲ့အတွက် ဝမ်းသာမိပါတယ်။ အခု လောလောဆယ်တော့ Organizationက ဖိတ်တဲ့ ပွဲတွေကို တက်ရောက်ပေးရမှာပါ။ နောက်ထပ် ဘယ်ပြိုင်ပွဲ ထပ်ပြိုင်ရမယ်ဆိုတာ မသိသေးပါဘူး" ဟု ပြောသည်။

BMB Entertainment မှ Miss Myanmar Yangon 2015 ရရှိသူကို နိုင်ငံတကာ ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် စေလွှတ်သွားမည် ဖြစ်ပြီး ကုန်ကျစရိတ် အားလုံးကိုလည်း အကုန်အကျခံပြီး စေလွှတ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly