ကမ္ဘောဒီးယား ၀န်ကြီးချုပ်အား ဖေ့စ်ဘွတ်မှ ခြိမ်းခြောက်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ

ကမ္ဘောဒီးယား ၀န်ကြီးချုပ်အား ဖေ့စ်ဘွတ်မှ ခြိမ်းခြောက်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ်အား ဖေ့စ်ဘွတ်မှတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ စော်ကားမှုတို့ ဖြင့် အမျိုးသားတစ်ဦးကို ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးလိုက်ပြီး ၎င်းအနေဖြင့် ပြစ်ဒဏ် ထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်ခွဲ ကျခံရမည်ဖြစ်သည်။

အဆိုပါပို့စ်အာား တင်မှုဖြင့် စွပ်စွဲခံထားရသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားက ဇန်နဝါရီ ၇ ရက်တွင်ကျရောက်သည့် ဗီယက်နမ်ကွန်မြူနစ်တပ်များက ခမာနီများကို ဖြုတ်ချခဲ့သော နှစ်ပတ်လည်တွင် ဟွန်ဆန်အား သေကြောင်းကြံမည်ဟု ရေးသားခဲ့သည်။

“သူ့ကို မနေ့က ဖမ်းမိခဲ့ပါတယ်။ ဒီမနက် ဖနွမ်းပင်မြို့ပေါ်က အကျဉ်းထောင်ကို ပို့လိုက်ပါတယ်” တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။ု ဝန်ကြီးချုပ်ဟွန်ဆင်က လူငယ်အများစုဖြစ်သော မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံမှုရရန် မိုဘိုင်းအက်ပ်တစ်ခုနှင့် ဝက်ဘ်ဆိုက်တစ်ခုတို့ကို စတင်ခဲ့ပြီး ရက်အနည်းငယ်တွင် ယခုပြဿနာ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

သို့သော် လူငယ်အများစုက အတိုက်အခံပါတီကို ထောက်ခံလျက်ရှိ သည်။ အပြုသဘောဝေဖန်မှုများကို ကြိုဆိုကြောင်း ဟွန်ဆန်က ပြောကြားထားသော်လည်း မိမိအား စော်ကားသူများအားကို အလွယ်တကူခြေရာခံနိုင်ကြောင်း ဖေ့ဘွတ်အသုံးပြုသူများကို ၎င်းက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly