“M!Countdown” ရုပ်သံအစီစဉ်တွင် ပထမဆုရရှိခဲ့တဲ့ PSY

“M!Countdown” ရုပ်သံအစီစဉ်တွင် ပထမဆုရရှိခဲ့တဲ့ PSY

တောင်ကိုရီးယား အဆိုတော် PSY သည် မကြာသေးမီက ထွက်ရှိခဲ့သော ၎င်း၏ Daddy တေးသီချင်းဖြင့် ဇန်နဝါရီ ၇ ရက်က “M!Countdown” ရုပ်သံအစီစဉ်တွင် ၂၀၁၆ ခုနှစ်၏ ပထမဆုကို ရရှိခဲ့သည်။

iKON အမျိုးသားအဆိုတော် အဖွဲ့သည် ၎င်းတို့၏ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ်မှ ခေါင်းစဉ်တေးသီချင်း “Dumb& Dumber”  ဖြင့် နံပါတ်တစ်နေရာကို ရရှိထားသည်။

PSY သည် ပထမဆုရရှိခဲ့သော်လည်း ယခုသီတင်းပတ် “M!Countdown” အစီစဉ်တွင် ပါဝင် ဖြေဖျော်ခဲ့ခြင်း မရှိကြောင်းနှင့် PSY သည် တေးဂီတ ဇယားများတွင် ဆက်လက် ဦးဆောင်လျက် ရှိသည်။

PSY သည် မကြာသေးမီက ထွက်ရှိခဲ့သော Chiljip Psy-da တေးသီချင်း အယ်လ်ဘမ်ဖြင့် အောင်မြင်မှုများ ရရှိခဲ့ပြီး “Daddy” တေးသီချင်းသည် အဓိက တေးသီချင်း ဇယားအများစုတွင် ထိပ်တန်း ဆယ်နေရာ၌ ဆက်လက် ရပ်တည်နေသည်။ PSY သည် ပြီးခဲ့သည့်လက SBS ရုပ်သံ၏ “Inkigayo” ရုပ်သံအစီစဉ်တွင် သီတင်းပတ် သုံးပတ်ဆက်တိုက် အောင်မြင်မှု ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags