ခန္ဓာကိုယ်အလှ ထိန်းသိမ်းမှု လျို့ဝှက်ချက်ကို ထုတ်ဖော် ပြောကြားလာတဲ့ ဂျေလို

ခန္ဓာကိုယ်အလှ ထိန်းသိမ်းမှု လျို့ဝှက်ချက်ကို ထုတ်ဖော် ပြောကြားလာတဲ့ ဂျေလို

ဟော်လီးဝုဒ်အကျော်အမော် ဂျနီဖာလိုပက်ဇ်က သူမ၏ ခန္ဓာကိုယ်အလှ ထိန်းသိမ်းမှု လျို့ဝှက် ချက်ကို ယခုသီတင်းပတ်ထုတ် UsWeekly သို့ ထုတ်ဖော် ပြောကြားခဲ့သည်။ ခန္ဓာကိုယ်အလှကို ထိန်းသိမ်း မှုသည် မလွယ်ကူကြောင်းနှင့် လေ့ကျင့်ခန်းများကိုလည်း ကြိုးကြိုးစားစား လုပ်ရကြောင်း ဂျေလိုက UsWeekly သို့ ပြောကြားခဲ့သည်။ ဂျေလိုက ၎င်းသည် cocktail (အရက်စုံယမကာ)များ သောက်သုံးခြင်း မရှိသည့်အပြင် ညဘက်စောစော အိပ်ယာဝင် ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မက အရက်သေစာ၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်ပါတာကို မသောက်သုံးပါဘူး။ ဒါတွေဟာ အသက်ကြီးလာတဲ့အခါ အသားရေကို အမှန်တကယ် ပျက်စီးစေပါတယ်” ဟု ဂျေလိုက UsWeekly သို့ ပြောကြားခဲ့သည်။” ကျွန်မက အစိမ်းရောင် အသီးအနှံတွေ စားသုံးရတာ ကြိုက်တယ်။ ကျွန်မတို့ မိသားစုက အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့ကို အများဆုံး စားသုံးတယ်” ဟု ဂျေလိုက ပြောကြားခဲ့သည်။

“ကျွန်မရဲ့သားသမီးနှစ်ယောက်ဖြစ်တဲ့ မက်ဇ်နဲ့ အမ်မီတို့ကလည်း အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေ စားသုံးရတာကို ကြိုက်နှစ်သက်တယ်။ အိမ်မှာဆိုရင် ကျွန်မပဲ အများဆုံး ချက်ပြုတ်တယ်။ ကျွန်မက ဟင်းချက်ရတာကို ကြိုက်တယ်” ဟု ဂျေလိုက ပြောကြားသည်။

“ကျွန်မမှာ သင်တန်းပေးဆရာ နှစ်ယောက်ရှိတယ်။ ကျွန်မ နယူးယောက်မှာနေတဲ့ အခါဆိုရင် သင်တန်းဆရာ ဒေးဗစ်ခရစ်နဲ့ အလုပ်လုပ်ဖြစ်တယ်။ သူဟာ အရမ်းကို အံသြဖို့ကာင်းတဲ့ သင်တန်းဆ ရာ တစ်ယောက်ဖြစ်တယ်။ ကျွန်မ လော့စ်အိန်ဂျလိစ်မှာ နေတဲ့အခါဆိုရင် ထရေစီအန်ဒါဆန်နဲ့ အလုပ် လုပ်ဖြစ်တယ်။သူတို့နှစ်ယောက်လုံး ကျွန်မကို သင်ပေးတဲ့ ဟန်ချက်ညီအောင် နေထိုင်ပြုမှုပုံတွေကို ကျွန်မ ကြိုက်တယ်။ သူတို့နှစ်ယောက်လုံးရဲ့ သင်ကြားမှုတွေဟာ အရမ်းကို ကွဲလွဲမှုတွေ ရှိတယ်” ဟု ဂျေလိုက ပြောကြားသည်။

“ကျွန်မက နေရောင်နဲ့ မထိတွေ့အောင် နေတယ်။ ကျွန်မ နေပူထဲထွက်ရင် နေကာမျက်မှန်ကို တပ်သွားတယ်။ ကျွန်မ နေပူထဲထွက်တာ ရှားတယ်။ ဘယ်တော့မှ နေပူထဲ မထွက်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်မအသားရေကို ထိန်းသိမ်းချင်တာကြောင့်ပါ” ဟု ဂျေလိုက ပြောကြားသည်။

“ကျွန်မ လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ အကူညီဖြစ်စေဖို့အတွက် နေ့တိုင်း တရားထိုင်တယ်။ တစ်နေ့ကို မိနစ်နှစ်ဆယ် လုပ်တယ်။ ကျွန်မ ခန္ဓာကိုယ်ကို ထိန်းသိမ်းမှုကို အထောက်ကူဖြစ်စေတဲ့ အရာတွေကို အမြဲတစေ လုပ်ဆောင်တယ်” ဟု ဂျေလိုက ပြောကြားသည်။

“ကျွန်မက တစ်နေ့ကို ကိုးနာရီ ဒါမှမဟုတ် ၁၀ နာရီ အိပ်စက်တယ်။ ကျွန်မ လုပ်ရမယ့် အချက် က ခုနစ်ချက် ဒါမှမဟုတ် ရှစ်ချက်ရှိတယ်။ ကျွန်မ အဲဒါကို မလုပ်တဲ့အခါကျရင် နေမကောင်းဘူးလို့ ခံစားရတယ်။ တစ်ချိန်လုံး ပင်ပန်းနေတယ်လို့ ခံစားရတယ်” ဟု ဂျေလိုက ပြောကြားသည်။ ဂျေလို သည် အသက် ခုနစ်နှစ်အရွယ် အမြွှာကလေးနှစ်ယောက် အမေဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly