တရုတ် စန္ဒယားပညာရှင် လျန်လျန်နှင့် တွဲဖက် ဖျော်ဖြေမယ့် ရိန်း

တရုတ် စန္ဒယားပညာရှင် လျန်လျန်နှင့် တွဲဖက် ဖျော်ဖြေမယ့် ရိန်း

တောင်ကိုရီးယား မင်းသားချော ရိန်းသည် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် “Lang Lang & Friends Spring Music Festival” ပွဲတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် ရိန်းသည် ၎င်း၏ လူကြိုက် များသော တေးသီချင်း “Ways to Avoid the Sun” ကို စန္ဒယားပညာရှင် လျန်လျန်နှင့် တွဲဖက်ကာ သီဆိုဖျော်ဖြေသွားမည် ဖြစ်သည်။

ရိန်းသည်  အဆိုပါပွဲတွင် ၎င်း၏ လူကြိုက်များသော အခြားတေးသီချင်းများကိုလည်း ဖျော်ဖြေ သွားမည် ဖြစ်သည်။ လျန်လျန်သည် ဂန္တဝင်တေးသီချင်းများ တီးခတ်ရာတွင် ကျော်ကြားသော စန္ဒယား ပညာရှင် တစ်ဦးဖြစ်ပြီး ယခင်ကလည်း အခြားသော တေးသံရှင်များနှင့် ဖျော်ဖြေခဲ့ဖူးသူတစ်ဦး ဖြစ်သည်။

ရိန်းနှင့်အတူ တရုတ်တေးသံရှင်ထန်ယောင်လျန်နှင့် ဟာချန်ယုတို့လည်း ဖျော်ဖြေသွားမည် ဖြစ်သည်” ကျွန်တော်တို့ လျန်လျန်ရဲ့ဖိတ်ကြားမှုကို လက်ခံရရှိပါတယ်။ ဒါဟာ အရမ်းကိုကောင်းတဲ့ ဖျော်ဖြေပွဲဖြစ် တာကြောင့် ကျွန်တော်တို့ ဖျော်ဖြေဖို့ သဘောတူထားပါတယ်” ဟု ရိန်း၏ အေဂျင်စီ Rain ကုမ္ပဏီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly