NLD အနိုင်ရ ကိုယ်စားလှယ်ကို စွဲထားသည့်အမှု လိုပြသက်သေစစ်ဆေး

NLD အနိုင်ရ ကိုယ်စားလှယ်ကို စွဲထားသည့်အမှု လိုပြသက်သေစစ်ဆေး

နေပြည်တော်၊ဇန်နဝါရီ ၇ ။          ။ ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို တရားစွဲဆိုထားသည့် အမှုကို ဇန်နဝါရီ ၇ရက်နေ့က ဇမ္ဗူသီရီမြို့နယ်တရားရုံးတွင် တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့ကြောင်း NLD ပါတီမှ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ကပြောသည် ။

“အမျိုးသားလွှတ်တော်မှာ ဝင်ရောက်အရွေးခံတဲ့ဦးကျော်ဝင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ် သူတို့ကိုရွေးကောက်ပွဲကာလ မှပေးထားတာတွေပေါ့ ကိစ္စတွေပေါ်ပေါ်ပေါက်လာတယ် အမှန်တော့ အဲ့ဒီလို ပံ့ပိုးမှုတွေရှိလို့အန်တီတို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းကို သူတို့တရားစွဲတယ်လို့မြင်တယ် အမှုရှာပြီးတော့မှ ပေါ့နော် သူတို့သည် လာဘ်ပေးလာဘ်ယူ တစ်စုံတစ်ရာကြောင့် အန်တီတို့လွှတ်တော်ကိုယ်စားလှယ်လောင်းကို မမှန်မကန် တရားစွဲခြင်းဖြစ်တယ်လို့ပဲ အန်တီကတော့ယုံကြည်တယ် ” ဟု NLD ပါတီမှ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် ကပြောသည်။

ရွေးကောက်ပွဲတွင် မဲရုံးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒက္ခိဏသီရီမြို့နယ် မဲရုံ ၁၃ မူလတန်းကျောင်းအုပ်ကြီးဖြစ်သူ ဒေါ် နွဲ့နွဲ့ကြည်က ရွေးကောက်ပွဲဥပဒေ ပါပုဒ်မ ၆၀ ၊ ၆၂ တရားရုံးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများကပြောသည်။

NLD ပါတီ မှ ပြည်ခိုင်ဖြိုးပါတီအား ရွေးကောက်ပွဲ နှင့် ပက်သက်၍ တရားစွဲဆိုမှုများကို အကြောင်းအရင်းခိုင်လုံမှုမရှိဟုဆိုကာ ဥပဒေရုံး မှ အကြံပေး က ပယ်ချခဲ့ကြောင်း အနိုင်ရပြည်သူ့လွှတ်တော် အမတ် ဦးသန့်ဇင်ထွန်းကပြောသည်။

“ ကျတော်တို့ဘက်က ရွေးကောက်ပွဲမဲဆွယ်ကာလမှာရယ် ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ တရားစွဲဆိုထားတာ ငါးမှုရှိပြီး ငါးမှုရှိတဲ့အထဲမှာ ကျတော်တို့ကို လေးခွနဲ့ပစ်တာရယ် ဆိုင်ကယ်နဲ့တိုက်တာရယ် အဲ့အမှုတစ်မှုပဲတရားရုံးရောက် လာပြီးတော့ ကျန်တဲ့ ကြံခိုင်းရေးမြို့နယ်တွဲဘက်အတွင်းရေးမှူးပေါ့နော်စွဲဆိုထားတဲ့တစ်မှု အပါအဝင် လေးမှုပေါ့ ဥပဒေရုံး အကြံပေး တရားစွဲဆိုရန်မသင့် လိုဆိုပြီး ပယ်ချလိုက်တဲ့အတွက် လေးမှုကတရားရုံးကို ရောက်မလာဘူး” ဟု ဦးသန့်ဇင်ထွန်း ကပြောသည်။

ယခု စစ်ဆေးမှုသည် လေးကြိမ်မြောက်စစ်ဆေးမှုဖြစ်ကာ နောက်ရုံးချိန်းအဖြစ် ဇန်နဝါရီလ ၂၁ ရက်သို့ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။ု

ဒက္ခိဏသီရီမြို့နယ်တွင် ရွေးကောက်ပွဲကာလ နှင့် ပက်သက်၍ တရားစွဲဆိုမှု နှစ် မှု ရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် NLD ပါတီကိုယ်စားပြု ဦးသန့်ဇင်ထွန်းသည် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို ဆန္ဒမဲ ၁၆၀၀( ထောင့်ခြောက်ရာ )အသာဖြင့် အနိုင်ရရှိခဲ့ပြီး ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ စတင်တက်ရောက်ရမည်ဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly