ရန်ကုန်ရှိ တည်ဆောက်ဆဲ အထပ်မြင့်အဆောက်အဦများ အရေးကြီးအဆို လွှတ်တော်တွင် မှတ်တမ်းတင်နိုင်

ရန်ကုန်ရှိ တည်ဆောက်ဆဲ အထပ်မြင့်အဆောက်အဦများ အရေးကြီးအဆို လွှတ်တော်တွင် မှတ်တမ်းတင်နိုင်

နေပြည်တော်၊ဇန်နဝါရီ ၇ ။            ။ တည်ဆဲဥပဒေများ၊ စည်ပင်သာယာကော်မတီ၏ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိပဲ ရန် ကုန်မြို့တွင်တည်ဆောက်နေသည့် အထပ်မြင့် အဆောက်အဦများ ရပ်ဆိုင်းအဆို လွှတ်တော်မှ မှတ်တင်ထားရှိရန် ဆောင်ရွက်ခဲ့ခြင်းသည် နောက်အစိုးရသစ်တွင် ဆက်လက်လုပ်ဆောင်သွားလို၍ ဖြစ်ကြောင်း ယင်းအရေးကြီး အဆိုတင်သွင်းခဲ့သူ NLD ပါတီမှ ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ပြောသည်။

“မှတ်တမ်းခြင်းအားဖြင့် နောင်အစိုးရလက်ထက်မှာ စောင့်ကြည်ပီး အချိန်ယူလုပ်သွားလို့ရတယ်၊ မဲခွဲဆုံး ဖြတ်လိုက်လို့ လက်ရှိမှာ သူ့တို့ အစိုးရအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေများတဲ့အခါမှာ ရှုံးသွားရင် လွှတ်တော်မှာ မကျန်ခဲ့မှာဆိုးလို့ ဒါကြောင့် အန်တီတို့ မှတ်တမ်းတင်ပြီးတော့ စောင့်ကြည့်မယ်ဆိုတဲ့ဟာမှာ အန်တီတို့ လွှတ်တော်သက်တမ်း နည်းနည်း ရှိတော့တယ်၊ နောက်သက်တမ်းမှာ ဒါ အန်တီတို့ ကယ်ရီလုပ်သွားလို့ရတယ်" ဟု လွှတ်တော်အစည်းအဝေး အပြီးတွင် ၎င်းက သတင်းထောက်များကိုပြောသည်။

အထပ်မြင့် အဆောက်အဦများနှင့် ပတ်သက်၍ အရေးအကြီးအဆို တင်သွင်းရသည့် အကြောင်းအရင်းမှာ တည်ဆောက်ဆဲအဆောက်အဦများမှာ ဥပဒေများနှင့်အညီ တည်ဆောက်နေခြင်း ကိစ္စရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့်လည်း ဆက်စပ်နေပါ၍ တင်သွင်းရခြင်းဖြစ်ကြောင်းလည်း ဒေါက်တာမေဝင်းမြင့်က ပြောသည်။

“ယခုအခါတွင် ဝန်ကြီးဌာနအချို့သည် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန သို့ တင်ပြခြင်းမရှိသကဲသို့ နိုင်ငံတော်ဘတ်ဂျက်တွင်လည်း ခွင့်ပြုထားခြင်း မရှိသော အထပ်မြင့်အဆောက် အဦများကို ဆောက်လုပ်နေသကဲ့သို့ ပုဂ္ဂလိကအဆောက်အဦး လုပ်ငန်းရှင်များသည်လည်း ဘေးပတ်ဝန်းကျင်မှ ကန့်ကွက်ထားပါလျက် စည်ပင်သာယာရေးကော်မတီ၏ စည်းမျဉ်း စည်းကမ်းများကို မကိုက်ညီဘဲ အထပ်မြင့် အဆောက်အဦးများကို ဆောက်လုပ်နေကြောင်း တွေ့ရှိရပါတယ်" ဟု  အရေးအကြီးတင်သွင်းသည့် ဒေါက်တာမေဝင်းမြင့်က  ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

“ဥပမာတင်ပြရလျှင် ရန်ကုန်ဆေးရုံကြီးအတွင်း၁၂ ထပ်အမြင့်ရှိ အဆောက်အဦးတစ်ခုကို ကျန်းမာ ရေး ဝန်ကြီးဌာနက တည်ဆောက်နေမှုတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာ နကို တင်ပြခြင်းမရှိသကဲ့သို့ နိုင်ငံတော်ဘတ်ဂျက်တွင် ပြည်ထောင်စုလွှတ်တော်ကလည်း ခွင့်ပြုထားခြင်း မရှိပါ။ ယင်းအဆောက်အဦတည်ဆောက်ခွင့်ကို သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီကိုလည်း လျှောက်ထားခြင်းမရှိဘဲ ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၄ထပ်အထိ ပြီးစီးနေပြီဖြစ်ကြောင်းတွေ့ရှိရပါတယ်" ဟုလည်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

 ရန်ကုန်ဆေးရုံကြီးအတွင်း လက်ရှိဆောက်လုပ်ဆဲ အဆောက်အဦကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအာင်က အရေးကြီးအဆိုနှင့် ပါတ်သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။

 နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့များရှိ အထပ်မြင့်အဆောက်အဦးများကိုလည်း ဥပဒေနှင့် ညီညွှတ်စေရန် ဆောင်ရွက်သင့်ကြောင်း လွှတ်တေ်ာကိုယ်စားများက ထောက်ခံနွေးခဲ့ကြသည်။ လွှတ်တော်ကလည်း ယင်းအဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly