ရှမ်းယူနိုက်တက်အသင်းကို အကျီင်္ရင်ဘတ်စပွန်ဆာအဖြစ် SCANIA နှင့် KBZ တို့မှပံ့ပိုးမည်

ရှမ်းယူနိုက်တက်အသင်းကို အကျီင်္ရင်ဘတ်စပွန်ဆာအဖြစ် SCANIA နှင့် KBZ တို့မှပံ့ပိုးမည်
ဆွီဒင်ကားကုမ္ပဏီ SCANIA နှင့်ရှမ်းယူနိုက်တက်တို့ စာချုပ်အပြီးတွေ့ရစဉ်။ (ဓာတ်ပုံ - ရှမ်းယူနိုက်တက်)

ဇန်နဝါရီ ၇၊ ရန်ကုန်။          ။ ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကို ၂၀၁၆ဘောလုံးရာသီ အတွက် အကျီၤရင်ဘတ်စပွန်ဆာအဖြစ် ဆွီဒင်ကားကုမ္ပဏီ SCANIA နှင့် KBZ Bank တို့မှပံ့ပိုးပေးမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဝတ်စုံတွင် KBZ Bank အမှတ်တံဆိပ်ကို တပ်ဆင်မည်ဖြစ်ပြီး အဝေးကွင်းဝတ်စုံတွင် SCANIA တံဆိပ်ကို ရိုက်နှိပ်ဖော်ပြမည်ဖြစ်သည်။

" ရှမ်းယူနိုက်တက်အသင်းဆိုတာ မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ဘောလုံးအသင်းပါ။ ကျွန်တော်တို့ ဘောလုံးအသင်းကို အခုလို ပံ့ပိုးကူညီ တဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ပံ့ပိုးကူညီတဲ့သူတွေ အတွက် ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်တွေဖန်တီးပြီး ပြန်လည်အကျိုးပြုသွားမှာပါ ''ဟု ရှမ်းယူနိုက်တက်အသင်း ဒု-ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေကပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြို အသင်းပြင်ဆင်မှုအနေဖြင့် သီဟစည်သူ၊ နေလင်းထွန်း၊ ဟိန်းသီဟဇော် အပါအဝင် မြန်မာ့လက်ရွေးစင် အဆင့် ကစားသမား (၆) ဦးကို အားဖြည့် ခေါ်ယူကာ အသင်းအောင်မြင်မှုရရှိရေးအတွက် ပြင်ဆင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly