ကလေးခရိုင်တွင် MPT ကိုဒေသခံများဆန္ဒပြ

ကလေးခရိုင်တွင် MPT ကိုဒေသခံများဆန္ဒပြ
(ဓာတ်ပုံ၊မင်းရဲစစ်နိုင်၊ကလေး)

မန္တလေး၊ဇန်နဝါရီ ၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေး(MPT)ကို လိုင်းမကောင်းသည့်အတွက် ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီတွင် ဒေသခံ ၁၀၀ ဦးခန့် က ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု ဦးဆောင်သူ ဦးကျော်ဝင်းထွဋ် က မဇ္ဈိမ ကို ပြောသည်။

ထိုသို့ဆန္ဒပြခွင့်ရရှိရန်အတွက် မင်းကင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာလ ၃၀ ရက်ကပင်တရားဝင်စတင်ခဲ့ပြီး ခွင့်ပြုမိန့်ရရှိသည့် နေ့တွင်ပြခြင်းဖြစ်သည်။

မင်းကင်းမြို့နယ်တွင် MPT 2G စနစ်သာအသုံးပြုခွင့်ရနေသော်လည်း ကောင်းမွန်စွာသုံးမရခြင်းနှင့် 3G စနစ်ရရှိအောင်ဆောင်ရွက်မပေးနိုင်ခြင်းတို့ကြောင့် ဒေသခံများက ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်ဟု ဦးကျော်ဝင်းထွဋ်ကဆိုသည်။

"ဒီဘက်မှာက ဖုန်းလိုင်းမကောင်းတော့ စီးပွားရေး၊လူမှုရေးတွေဆုံးရှုံးသည့်အပြင် သတင်းတွေကလည်းအမှောင်ကျနေတယ်။ ဒါကိုမလိုလားဘူး။ ဆက်သွယ်ရေးရဲ့လစ်ဟင်းမှုတွေဆန္ဒဖော်ထုတ်တာပါ "ဟု ဦးကျော်ဝင်းထွဋ် ကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် မြို့တော်လမ်း၊ အုန်းတောလမ်း၊ သရက်တောလမ်းနှင့် ကမ်းနားလမ်းတစ်လျောက်ကိုချီတက်ပြီး "MPT 2G အလိုမရှိ။ ရှေ့သို့လှမ်းချီဘေနှုတ်သည်။ နောက်သို့ပြန်ကြည့် တိုင်မရှိ"ဟူ၍ ကြွေးကြော်ချီတက်ခဲ့ကြပြီး မင်းကင်းမြို့နယ်ရှိ မဟာဝိသုဒ္ဓာရုံဆရာတော် ဦးကဝိဓဇ၊ အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက်အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဦးဆောင်သူ ဦးကျော်ဝင်းထွဋ် တို့ ဟောပြောမှုများပြုလုပ်ပြီး မွန်းလွဲ ၁၂ ခွဲတွင်ပြီးဆုံးသည်။

ဆန္ဒဖော်ထုတ်အပြီး တစ်လအတွင်း သက်ဆိုင်ရာမှ 3G ရရှိစတင်ဆောင်ရွက်မှုများမပြုလုပ်ပေးပါက ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းကို တာဝန်ဝတ္တရားပျက်ကွက်မှုဖြင့် တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု ဦးကျော်ဝင်းထွဋ်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly