ဘီးတစ်ချောင်း မှန်တစ်ချပ် ကပ်ကြေးတစ်ချောင်း နဲ့ ဆံပင်ပညာရှင်ဘဝ တက်လှမ်းလာခဲ့သူ မကျင်ပို့

ဘီးတစ်ချောင်း မှန်တစ်ချပ် ကပ်ကြေးတစ်ချောင်း နဲ့ ဆံပင်ပညာရှင်ဘဝ တက်လှမ်းလာခဲ့သူ မကျင်ပို့

ဒီတစ်ပါတ် Meet the Successful  အစီစဉ်မှာ ကျွန်တော်တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ Fancy House Hair & Beauty Spa ကို အောင်မြင်စွာ ဦးဆောင်သူ ဆံပင်ပညာရှင် မကျင်ပို့ ဖြစ်ပါတယ်။ အခုလိုမျိုး အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာဖို့အတွက် မှန်တစ်ချပ်၊ ဘီးတစ်ချောင်း ၊ ကပ်ကြေး တစ်လက်နဲ့ စတင်ခဲ့ရသူ ဖြစ်ပါတယ်။ သူမရဲ့ ဘဝမှာ အောင်မြင်မှုကို ရရှိဖို့အတွက် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ်ဆိုတာ သိရှိနိုင်စေဖို့ အောင်မြင်သူနဲ့အတူ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

ဟုတ်ကဲ့ ဆံပင်လုပ်ငန်းကို ဘယ်အအရွယ်ကတည်းက စတင် စိတ်ဝင်စားခဲ့တာလဲ။

တကယ်တမ်းပြောရရင်တော့ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် Second-Year  ရောက်တဲ့ခါမှာ တီချယ်ကြီး အမေဆုံးသွားတယ်တယ်။ ဆုံးသွားတဲ့ခါကျတော့ ပြန်စဉ်းစားကြည့်တယ်။ အလုပ်တစ်ခုတော့ လုပ်ရတော့မယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အောက်မှာ မောင်နှမ ငါးယောက်ရှိတယ်။ အကြီးဆုံးလေ။ အမေကလည်း အဲဒီအချိန်မှာ ဘာအလုပ်မှ မလုပ်ဘူးဆိုတော့ အဖေပဲ ဝင်ငွေတစ်ခု ရှိတဲ့အခါကျတော့ အဖေဆုံးသွားတဲ့ အခါကျတော့ အမေကလည်း ဖျားနာတဲ့အချိန်နဲ့ တကယ်ဖြစ်သွားတာ သုံးလ အတွင်းထဲမှာ ဖြစ်သွားတော့ အဲအချိန်မှာ ကိုယ်က စဉ်းစားလိုက်တယ်။ ဒါဆံပင် သင်ရမှာပဲ ဆိုပြီးတော့ ဆံပင်သင်တန်းထဲ ဝင်ဖြစ်သွားတာပေါ့နော်။ အဲဒီကနေ ဆံပင်လောက ကို Second Year  ကတည်းက စတင်ခဲ့ တာပါ။ အခုထိပေါ့နော်။

အဲဒီအချိန် အဲဒီအခါတုန်းက တီချယ်ကြီး ဘဝမှာ မမျှော်လင့်တဲ့ လောကဓံ ကြုံခဲ့ရတဲ့အချိန်မှာ ပညာရေး တစ်ပိုင်းတစ်စ ဆိုတော့ ဒီလုပ်ငန်းထဲကို ဝင်ခဲ့ရလဲ ဆိုတော့ မဝင်ခင်မှာ ချယ်ရီရဲ့ ဘဝမှာ အခြားရည်မှန်းချက်တွေ  ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကော ရှိခဲ့ဖူးသေးလား ခင်ဗျ။

တစ်ခါကတော့ ဖြစ်ချင်တယ်။ ဆရာဝန်တော့ ဖြစ်ချင်တယ်။ ဒါပေမယ့် ဆရာဝန်ဖြစ်တဲ့အခါမှာ ခွဲစိပ်တာပဲ ကြိုက်တာ အဲလို တစ်မူထူးခြားတဲ့ အလုပ်ကို ပိုစိတ်ဝင်စားတယ်။ ဒါပေမယ့် အဲဒီမှာ အမှတ်ကလည်း မပြည့်ဘူးဆိုတော့ Chemistry  ရောက်သွားတယ်။ ရောက်သွားတဲ့အခါမှာ ဓာတုဗေဒမှာလည်း Second  ထဲမှာ စပြီး ဆံပင်လောကထဲ ဝင်လိုက်တာ။ ဒါပေမယ့် အခုနက ပြောသလို ခွဲစိပ်မဟုတ်ဘဲ ဆံပင်ကတော့ ကပ်ကြေးသွားကိုင် ဖြစ်သွားတယ်ပေါ့။

သဘောတရားတော့ တူတယ် လိုင်းပြောင်းသွားတာပေါ့။ အဲဒီအချိန်အဲဒီအခါမှာ တီချယ်ကြီးဘဝမှာ ဆံပင် လမ်းကြောင်းကို ရွေးလိုက်ပြီ ဆိုတဲ့ခါကျတော့ ဘာကြောင့်မိုလို့ ဆံပင်ညှပ်တဲ့ လုပ်ငန်းကို ရွေးဖြစ်သွားတာလဲ။ အခြားလုပ်ငန်းတွေလည်း အများကြီးပဲလေ။ အဲဒီအထဲကမှ ဘာကြောင့် ဒီလမ်းကို ရွေးဖြစ်သွားတာလဲ။

ဆံပင်လိုင်းကို ရွေးတာ တစ်ခါလဲ ကိုယ့်ဘာသာ ဒီမေးခွန်း ပြန်မေးတယ်။ Chemistry နဲ့ ပြီးသွားတဲ့အခါမှာ အမှတ်က တော်တော် မြင့်တယ်။ အဲဒီအချိန်မှာ အမေရိကားဘက်ကနေလဲ ပေးတယ်။ ဟိုဘက်ကိုသွားပြီးတော့ ဆေးပညာနဲ့ ပတ်သက်ပြီး သူတို့ လိုင်းဘက်ကို ကူးလို့ရတဲ့ အချိန်မှာ အမျိုးတွေအားလုံးကလဲ သွားခိုင်းတယ်။ အဲတာကို ပြန်ငြင်းပြီးတော့ ဆံပင်လိုင်းကိုဘဲ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆံပင်ကို လုပ်လိုက်ရတာ ကိုယ့်စိတ်ထဲမှာ တစ်ခုခု ပုံပြောင်းသွားတယ်။ အဲခေတ်ကဆို ကျစ်ဆံမြီး ကျစ်တယ်။ ပုံပြောင်းသွားတဲ့အခါမှာ အဲဒီ ဖီလင်က မတူဘူး။ ခါတိုင်းနဲ့ မတူပဲ စိတ်ပေါ့တယ်။ ကျွန်မ အင်္ကျီချုပ်ဖူးပါသေးတယ်။ ဒီဖက်ရှင်တွေ လုပ်ဖူးတယ်။ တီရှပ်လေးတွေပေါ့။ ဒါပေမယ့် စိတ်ထဲမှာ မရဘူး။ ဒါပေမယ့် ဆံပင်လုပ်တဲ့ အခါကျတော့ အရမ်းစိတ်ဝင်စားတယ်။ အဲဒီခေတ်ကဆို ပိုဆိုးတယ် ဘာမှလဲ ကြည့်လို့မရဘူး။ မဂ္ဂဇင်းတို့ ဆံပင်စာအုပ်တို့ ဆိုတာ သီးသန့်လည်း မရှိဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကို ထွင်နေရတယ်။ အဲဒီကတည်းက ထွင်တဲ့ဟာကို ဝါသနာ ပါနေတာ။

ဆံပင်ညှပ်တဲ့ ဝါသနာကို စိတ်ဝင်စားကတည်းက သူမရဲ့ ဝါသနာကို တစ်စိတ်မတ်မတ် ကြိုးစားခဲ့သူပါ။ ဆံပင်ပညာကို အဲဒီအချိန်တုန်းက နာမည်ကြီး ပညာရှင် တစ်ဦးဖြစ်တဲ့ အိုမိဂါ အကြည်ဆီမှာ တပည့်ခံပြီးတော့ အပင်ပန်းခံ သင်ကြားခဲ့ရတဲ့ အတွေ့ကြုံတွေကိုလည်း ပြောပြခဲ့ပါတယ်။

တကယ်တမ်း စခဲ့တာက Second Year  မှာကတည်းက ကိုယ့်ရဲ့ဆရာပေါ့နော်။ အိုမီဂါ အကြည်ဆီမှာ သင်တန်းတက်ခဲ့တယ်။ တစ်ယောက်ချင်း ဒီလိုတက်တာပေါ့။ တကယ်သင်တန်းကျောင်းတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီခေတ်မှာ ရန်ကုန်မှာ နာမည်အကြီးဆုံးက အိုမီဂါပေါ့။ အဲဒီတစ်ခေတ်မှာပေါ့နော်။ ဆိုတော့ အဲဒီခေတ်မှာ သူဆီမှာ သင်တန်းတက်တုန်းကဆို ကျောင်းက တစ်ဖက် သင်တန်းက တစ်ဖက် အဲအချိန်မှာ အဖေကလည်း ဆုံးနေပြီ ဆိုတော့ ကိုယ့်စိတ်ထဲမှာ ဇောက်ချပြီးတော့ ဒီလုပ်ငန်းကို လုပ်ရမယ်။ တစ်ဖက်ကလည်း စာဖတ်တယ်။ ဒါပေမယ့် တက္ကသိုလ် ကျောင်းက   ပြန်လာတယ် နေ့လည်ဘက်ဆို ဆံပင်ညှပ်ပေးတယ်။ ငါးကျပ်နဲ့ပေါ့။ အဲခေတ်က ငါးကျပ်နဲ့ ဧည့်သည်တွေကို ညှပ်ပေးတယ်။ ပိုက်ဆံစုတယ်။ ဒါပေမယ့် အဖေဆုံးပြီးသွားတော့ အမေ့ကို ဟောင်ကောင် ပို့လိုက်တော့ ဟောင်ကောင် သွားတယ်။ ဟောင်ကောင်မှာ အမေက ဆံပင်နဲ့ မိတ်ကပ်ကို သီးသန့် သင်တန်းသွားတက်တာ။ အမေက တကယ်တက်ခဲ့တာပေါ့။ တီချယ်ကြီး က ဒီမှာ ဆက်လုပ်တယ်။ ပြီး အမေပြန်လာတဲ့ အခါမှာ တီချယ်က တကယ်ထွက်ပြီးတော့ ထိုင်ဝမ်မှာ တစ်နှစ်နီးပါး လောက်ကြာတယ်။ ဟောင်ကောင်မှာ ၇ လပေါ့။ တစ်နှစ်ခွဲကျော်လောက် သင်တန်းကို တကယ်တက်ခဲ့တာပေါ့။

အဲဒီအချိန်မှာ အမေကလည်း ပြည်ပကို ပညာသင်သွားနေတဲ့ အချိန်မှာ တီချယ်ကြီး အနေနဲ့ မောင်နှမကလည်း ငါးယောက်လောက် ရှိတယ်ဆိုတော့လေ ကိုယ်က ဆံပင်ညှပ်တဲ့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ဘူး သင်နေရသေးတယ် ဆိုတဲ့ အချိန်မှာ တီချယ်ကြီးတို့ အိမ်မှာ စီးပွားရေးဆိုင်ရာ အခက်ခဲတွေကော ကြုံခဲ့ရသေးလား။

ကြုံခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက သုံးလတွင်းထဲမှာ ဆုံးသွားတော့ သူက ဒီမိသားစုအတွက်ကို ဘာမှမပြင်ဆင်ပေးခဲ့ရဘူး။ အဲအချိန်မှာ မောင်အကြီးကလဲ ထိုင်ဝမ် ရောက်သွားတယ်။ ကျွန်မ အကြီးဆုံး အောက်မှာ ကလေးတွေ ရှိတယ်ဆိုတော့ အဲအချိန်မှာက ကျွန်မ မှန်ဘောင်လေး သေးသေးလေး တစ်ခုပေါ့။ အကြည့်ဆီက သင်ထားတဲ့ ပညာ ဓားနဲ့ ဘီးပဲ ရှိသေးတာကိုး။ ဒါပေမယ့် အဲအချိန်မှာ ဆံပင်သွားကောက်တဲ့ အခါမှာ အင်္ဂလန်က ဆရာတစ်ယောက် ရောက်နေပြီ  ကပ်ကြေးပညာရှင်ဆိုတော့ သူ့ဆီမှာ သင်တန်း ထပ်တက်လိုက်တယ်။ အဲဒီအချိန်မှာ တီချယ်ကြီး ဘဝ စခဲ့တယ်။

အဲဒီအချိန်မှာ တက္ကသိုလ်ကျောင်းက ပြန်လာတယ်ဆို ဧည့်သည်ကို ညှပ်တယ်။ ငါးကျပ်ရတယ် ဆို ငါးကျပ်ပေါ့။ သုံးယောက်ဆို ဆယ်ငါးကျပ်ပေါ့။ အဲတာတွေကို စုစုပြီးတော့ ကလေးတွေကို ရေခဲမုန့်တွေ ဝယ်ကျွေးတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက အဲဒီအချိန်မှာ အမေလည်း မရှိဘူးလေ။ ကိုယ့်က အကြီးဆုံး ဖြစ်တဲ့ ခါကျတော့ ခုနက ဒီရေခဲမုန့်ဝယ်ကျွေးလိုက်တယ်။ မုန့်လေးတွေ ဝယ်ကျွေးလိုက်တယ်။ တကယ်တမ်းတော့ ဒီကနေရတဲ့ ပိုက်ဆံလေးတွေ စုစုပြီးတော့ ၂၅ ကျပ်ရတယ်ဆို ၂၅ ကျပ်ပေါ့နော်။ အဲလိုလေးတွေ ကလေးလေးတွေ လုပ်ပေးတယ်ဆိုတော့ အဲဒီကတည်းက ကိုယ်က ဘာသိလဲဆိုတော့ တီချယ် ဘာကြောင့် ဆံပင်လိုင်းကို ရွေးလိုက်တာလဲ ဆိုတော့ အဲအချိန်မှာ အသိက တစ်ခု သိလိုက်တာပေါ့။ အော် ငါ့မှာ ဘီးတစ်ချောင်း၊မှန်တစ်ချပ်၊ ကပ်ကြေးတစ်ချောင်း ရှိတာနဲ့ ငါ့ဘဝ အာမခံချက် တစ်ရက်စာတော့ ဘယ်လိုဖြစ်ဖြစ် ဖူလုံတယ်။ ငါဒီကလေးတွေကိုလည်း ကျွေးနိုင်တယ် ဆိုတဲ့ စိတ်က အဲဒီထဲက သိသွားတာပေါ့နော်။

ဘီးတစ်ချောင်း၊မှန်တစ်ချပ်၊ ကပ်ကြေးတစ်ချောင်း နဲ့ စာဝတ်နေရေးအတွက် ကြိုးစားခဲ့ရသလို သူမရဲ့ အားလပ်ချိန်မှာလဲ အပိုဝင်ငွေ ရရှိဖို့ အတွက် အခြားအလုပ်တွေ လုပ်ကိုင် ခဲ့ရပုံကိုလည်း ပြောပြခဲ့ပါတယ်။

အမေကလည်း နိုင်ငံခြားမှာ သင်တန်းသွားတက်တယ် ဆိုတော့ တီချယ်က စာကလည်း တစ်ဘက် ဖတ်တယ်။ ဒါပေမယ့် အဲအချိန်မှာ ဘာလုပ်လဲဆိုလို့ရှိရင် ညဘက်ဆိုလို့ရှိရင်  အဒေါ်က တက္ကသိုလ်က ဆရာမ ကျောင်းကနေပြီးတော့ စာမေးပွဲဖြေတဲ့ စာရွက်တွေ ရှိတယ်။ အဲစာရွက်ကိုလည်း တီချယ် ပိုက်ဆံရှာတယ်။ သူက စာမေးပွဲ ဖြေတဲ့ စာရွက်တယ် ရှိတယ်ဆို ညဘက်ဆို ချက်ပေးရတယ်။ သူတို့က ဘေးနားမှာ အဖြေက ပေးပြီးသား။ တစ်ညကို တစ်အုပ်ချက်လိုက်တယ်ဆိုရင် ငါးမူးရတယ်လို့  ဆယ်ပါးရတယ်လို့ အဲလိုမျိုးတွေ ရှိတယ်။ သူ့စာမေးပွဲ အချိန်နဲ့ ရတာဆိုတော့ ညညဆိုရင် အဒေါ်ကနေ ဒီစာအုပ်တွေ ထုတ်ပေးတယ်။ နောက်ပြီးတော့ ကျုရှင်က စာရွက်တွေ အကုန်လုံးပေါ့။ ကျုရှင်တွေဆီက ရတာကိုလည်း လုပ်ပေးတယ်။ တက္ကသိုလ်ကျောင်း အန်တီတွေဆီက ရတာလဲ ယူတယ်။ ကျွန်မ အဲတာ တွေနဲ့ ပိုက်ဆံတွေ စုတယ်။ ဒါပေမယ့် အဲလိုချက်တဲ့ခါကျတော့ သိတယ် ဘဝက ဘာဖြစ်သွားလဲ ဆိုတော့ စိတ် ထဲမှာ ကိုကိုယ်တိုင် လုပ်မှ ရမယ်။ ငါမလုပ်ရင် ဘာမှ မရဘူး။ သူများအားကိုးနေလို့လဲ မပြီးဘူး။ အမေကလည်း သင်တန်း သွားတက်နေတယ် ဆိုတော့ အဲလို ချက်တယ်ဆိုတော့ ပိုက်ဆံလည်း စုမိတယ်။ ကိုယ်ပိုင် Case   ကိုလည်း မြင်ရတယ်။ နေ့လည် ပိုင်းမှာလည်း ဆံပင်ညှပ်တာကိုး။ ဆံပင်ညှပ်တော့လည်း Case  ကို မြင်ရတဲ့အခါကျတော့ သိသွားတယ်။ ဘယ်တော့မှလည်း အားမငယ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်မယ်ဆိုရင် အကုန်ဖြစ်မယ်ဆိုတာ သိလိုက်တယ်။ စာရွက်တွေ ချက်တယ်။

မနက်ဆိုရင် အိုမီဂါ အကြည့်က သတိုးသမီးတွေ လိမ်းတယ်ဆို ခေါ်တယ်။ ခေါ်တယ်ဆိုရင် အမှန်က ဒါတွေက ပိုက်ဆံမရဘူး။ သူက ခေါ်တယ်ဆို သွားပြီးတော့ မိတ်ကပ်လိမ်းပေးမယ်။ မျက်ခုံးမွှေးတွေ သွားရိတ်ပေးတယ်။ နှုတ်ခမ်းနီတွေ ဆိုးပေးမယ်။ ဆံပင်လိပ် ပေးမယ်။ ဒါတွေက ပိုက်ဆံမရဘူး ဒါပေမယ့် ၃ နာရီခွဲ ၄ နာရီလောက်ဆို အောက်မှာ လာခေါ်ပြီ။ ဆရာမရဲ့ အမျိုးသားက ကျင်ပို့ရေ ထတော့ သတိုးသမီးတွေ အများကြီးပဲ လာလာ ဝိုင်းလုပ် ဆို အဲဒီအချိန်မှာ အမှတ်ချက်တဲ့ အချိန်မှာ ကိုယ့်က ညသန်းခေါင်းကျော်  ၂ နာရီ ထိ ချက်ရတာ။ ကိုယ်က ဒီအခက်ခဲကို အမေ့ကိုတော့ မပြောဘူးပေါ့နော်။ အဲဒီငွေကို စုနေတဲ့ အချိန်မှာ ဒီဘက်ကလည်း ပညာမရမှာ စိုးတော့ ထတယ်။ ထပြီးသွားရောဆိုတော့ သူက ၂၁ လမ်းမှာ ဆိုတော့ ဆင်းအိုးတန်းမှာ နေတယ် ။ ၂၁ လမ်းထိ သွားတယ် ဆိုတော့ သင်တန်းတွေတက် မိတ်ကပ်တွေ လိမ်း  လိမ်းပြီး ပြန်လာရင် ရေချိုး ရေချိုးပြီးတော့ တက္ကသိုလ် သွား ဘတ်စ်ကားနဲ့ သွား အဲလိုနဲ့ ပဲ ဘဝကို ရုန်းကန်ခဲ့တာပေါ့။ အမေ ပြန်လာတဲ့ အထိပေါ့။

နိုင်ငံခြားမှာ ဆံပင်ပညာ သင်ကြားနေတဲ့ သူမရဲ့ မိခင် ပြန်ရောက်လာချိန်မှာတော့ မိုနာလီဇာ ဆံပင်ညှပ်ဆိုင်ကို ပထမဦးဆုံး စတင် တည်ထောင်နိုင်ခဲ့ပါတယ်။ အဲဒီဆိုင်မှာ မိခင်နှင့် အတူတူ အလုပ်လုပ်ရင်းနဲ့ ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေ ပြုလုပ်ချင်တာကြောင့် သူမကိုယ်တိုင် နိုင်ငံခြားကို ထွက် သွားပြီးတော့ ပညာဆက်လက် သင်ကြား ဖြစ်ခဲ့ပုံကိုလဲ ပြောပြခဲ့ပါတယ်။

ဘယ်လိုပြောရမလဲ အဲချိန်မှာ လူက ငယ်လည်း ငယ်တယ်လေ။ အပြင်ရောက်သွားတဲ့ အခါမှာလည်း အဲအချိန်မှာ နိုင်ငံခြား ရောက်သွားတဲ့ သူ သိပ်မရှိဘူး။ ကိုယ့်က မရောက် ရောက်အောင် သွားခဲ့တယ်။ ပိုက်ဆံရှိလို့ သွားတာတော့ မဟုတ်ဘူး။ တကယ်ချွေချွေတာတာနဲ့ သင်တန်းကို သွားတက်ခဲ့တယ်။ ပြီးလို့ ရှိရင် အမေလည်း ပိုက်ဆံချေးပေးတာတွေ ရှိတယ်။  တက်ပြီးလို့ သင်တန်းပြန်လာတဲ့ အခါကျရင် ပြန်စဉ်းစားကြည့်တယ်။ ၁၅ ကျပ်နဲ့တော့ မညှပ်တော့ ဘူး ဆိုပြီးတော့ ညီမနှစ်ယောက် အခန်းသေးသေးလေးထဲမှာ အဲကွန်းဆင်ပြီးတော့ အဲခေတ်က အဲကွန်းလည်း သိပ်မတပ်တဲ့ ခေတ်မှာ အဲကွန်း တစ်လုံး တပ်လိုက်တယ်။ အဲလို စဉ်းစားပြီး ထွင်နေတာပေါ့။ ပြီးလို့ရှိရင် အမိုးတွေ သစ်ပင်တွေ ထည့်လိုက်မယ်။ အဲခေတ်က decoration အဲလိုမျိုး ကုမ္ပဏီ လည်း မရှိဘူး။ အဲတော့ ကိုယ့်ဘာသာလုပ် ခေါင်းလျှော် စက်တစ်လုံးနဲ့ ငါ ၂၅ကျပ်နဲ့ စတော့မယ်။ ၂၅ နဲ့ စတယ်။ အဲတော့ အမေကပြောတယ်။ ဘယ်သူမှ လာမှာ မဟုတ်ဘူး။ ဒါပေမယ့် တကယ်ပဲ ဒီဘက်အခန်းက ၂၅ ကျပ်အခန်းက ပေါက်သွားတယ်။ အဲဒီခေတ်ဆိုရင် အနုပညာရှင် ဦးညွန့်ဝင်းတို့၊ ဝါဝါဝင်းရွှေတို့ ဒေစီကျော်ဝင်းတို့ အဲဒီအချိန်မှာ ဒီဘက်ဆိုင်က အပြည့် ဖြစ်သွားတယ်။ အဲဒီကတည်းက စပြီး ကျွန်မ ဒီဆံပင်ကို ပိုပြီး Crazy ဖြစ်လာတယ်ပေါ့နော်။

ဘယ်အလုပ်ကို လုပ်လုပ် အောင်မြင်ဖို့အတွက် အရေးအကြီးဆုံး ဖြစ်တဲ့ ခံယူချက်နဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် ရှင်း ပြခဲ့ပါတယ်။

တီချယ်ကြီးက ခါတိုင်း အင်တာဗျုး လုပ်သလိုပဲ တီချယ်တို့ S ၅လုံးကို အမြဲကိုင်ထားတယ်။ Smile, Smart, sensibility, Study,Speed ဘယ်လိုခံယူထားလဲ ဆိုတော့ ဒီလုပ်ငန်းကို လာပြီးတော့ ဒီလို အလှအပကို လာပြီး ငွေပေးပြီး Service  လုပ်ခံနေတဲ့ လူတိုင်းက ဘာပဲပြောပြော ဒါဟာလဲ ငွေတစ်ခုပဲ ထုတ်ရတယ် ရင်းရတယ် ဟာ တစ်ခု ဆိုတော့ အားလုံး က စီးပွားရှင် ဖြစ်ဖို့များတယ်။ စီးပွားရှင်တိုင်းက အချိန်နဲ့ တန်ဖိုးပေးတာ။ အဲတော့ ကျွန်မ Speed ထဲမှာ မြန်ရမယ်။ သာမန်စင်စစ် ကောင်းဖို့လိုတယ်။ ကိုယ့်ကိုကိုယ်လည်း Smart  ကျရမယ်။ အဲဒီ S ၅လုံးကို အမြဲတော့ ကိုင်ဆောင်ထားတယ်။

sensibility ဆိုတာ ကျွန်မတို့ ဧည့်သည်ကို ကောက်မယ်ဆိုရင် ကျွန်မတို့ ပိုက်ဆံရတယ်။ ဒါပေမယ့် မကောက်သင့်ဘူး ဆိုရင် မကောက်ပေးဘူး။ မြင်တယ် ဒီဥစ္စာ ကောက်လိုက်လို့ရှိရင် ဘယ်လောက်ရမယ် သိနေတယ် ကျွန်မတို့က မကောက်ပေးဘူး။ ဘာလို့ မကောက်ပေးလည်း ဆိုရင် သူက မကောက်ရင် စိတ်ဆိုးမှာပဲ။ လူရဲ့ သဘာဝက လာတယ် မကောက်ပေးဘူး ဆိုရင် စိတ်ဆိုးတာပဲ။ အဲတော့သွားမယ် ဒီပြင်ဆိုင်သွားကောက်တယ်။ အဲဒီမှာ ကျွမ်းလာတယ်။ ကျွမ်းသွားရင် ပြန်ရောက်လာတယ်။ အဲဒီလိုပြန်ရောက်လာတဲ့ အချိန်ကျရင် ကိုယ့်ရဲ့ တကယ့် Customer  က အရင်းကြီးလို ဖြစ်သွားတယ်။ ခုနကလို မိသားစုလို ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြောတုန်းက သူမယုံခဲ့ဘူး။ သူသွားကောက်တယ်။ ကောက်ပြီး ပျက်စီးလာတယ်။ ကိုယ့်ဆီ ပြန်ရောက်လာတဲ့ ခါကျတော့ ကိုယ့်နဲ့ အရမ်းပဲ ခါတိုင်းထက်ပို ရင်နှီးတယ်။ အဲလိုမျိုးတွေ တစ်ဖြေးဖြေး များလာတဲ့ အခါကျတော့ သူများဆိုင်နဲ့ ကွဲထွက်သွားတယ်လို့ ယူဆတယ်။

နောက်တစ်ခုကျတော့ တီချယ်က ဘာလဲဆိုတော့ Product ပါ။ ဒီ Product ကိုလည်း အရမ်း တန်ဖိုးထားတယ်။ ဘယ်တော့မဆို ကိုယ့်မြတ်ဖို့အတွက်ဆို ခုနကလို Product တွေ ရောသုံးတာမျိုး တစ်ခါမှ မသုံးဘူး။ သူပေးထားတဲ့ ဈေးတိုင်းကို သူနဲ့ တန်တဲ့ Product ကိုပေးတယ်။

သူမကိုယ်တိုင် တည်ထောင်ထားတဲ့ မိုနာလီဇာ ဆိုင်ခွဲ(၂) အောင်မြင်မှု ရရှိလာတဲ့ အချိန်မှာတော့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒါကြောင့်လည်း သူမရဲ့ဘဝမှာ ကြီးမားတဲ့ အပြောင်းလဲတစ်ခု ဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီမိုနာလီဇာကို ထားခဲ့ပြီးတော့ အိမ်ထောင်ကျတာပေါ့နော်။ အိမ်ထောင်ကျပြီးတော့ ဟောင်ကောင် ရောက်သွားတာပေါ့နော်။ အိမ်ထောင်ကျတဲ့နှစ်မှာလည်း တီချယ်ကြီး မိုနာလီဇာကို ထားခဲ့ရမှာ အရမ်းနှမြောတယ်။ ဘာလို့လဲဆို အဲအိမ်ထောင်ကျတဲ့ နေ့မှာပဲ ဝမ်းသာနေမယ့် အစား ကိုယ်က ဝမ်းနည်းနေတာပေါ့။ ဥပမာ မင်္ဂလာဆောင်မယ့်နေ့မှာပဲ အောက်ကို ဆင်းမလာတော့ဘူး။   ဆောင်ရမှာ ကြောက်တယ်။ ဆောင်လို့ရှိရင် လိုက်သွားရတော့မယ်ဆို ဒီမိုနာလီဇာ ကြီးကို ထားခဲ့ရမှာကိုး အဲသံယောဇဉ်လေးတွေလည်း ဖြစ်ခဲ့ဘူးပါတယ်။

အိမ်ထောင်ကျပြီးတဲ့နောက် သူမရဲ့ အမျိုးသားနေရာ ဟောင်ကောင်ကို လိုက်ပါ သွားခဲ့ရပြီးတော့ သူမဝါသနာပါတဲ့ အလုပ်ကိုလည်း စွန့်ခွာခဲ့ရပါတယ်။ ဒါကြောင့်မို့လို့လဲ ဘဝမှာ တဖြေးဖြေးနဲ့ အဓိပ္ပာယ်မဲ့လာပုံကိုလည်း ပြောပြခဲ့ပါတယ်။

ဟောင်ဟောင်ရောက်တော့ ရောက်ရောက်ချင်း အမျိုးသားရဲ့ ယောက္ခထီးပေါ့နော်။ သူက ကျောက်မျက်လုပ်တယ်။ ကျောက်မျက်လုပ်တော့ သူတို့ဆံပင်လုပ်တာ အားမပေးဘူး။ အထူးသဖြင့် သူညီမတွေဆိုလည်း ဆံပင်လုပ်တာကို မကြိုက်ဘူး။ အဲတော့ ဆံပင်ကိုလည်း မလုပ်ဖြစ်ဘူး။ အမေကလည်း မှာထားတယ်။ အဲခေတ်က မိန်းကလေးဆိုတော့ အိမ်မှာပဲ နေတဲ့ခေတ်ပေါ့လေ။ အိမ်ထောင်ကျပြီးလို့ နင်က ငါ့သမီး မဟုတ်ဘူး သူများသမီး ဘာကိစ္စဖြစ်ဖြစ် အိမ်ကို ဖုန်းမဆက်ရဘူး။ နင်က သူများသမီးဖြစ်တဲ့ အတွက်ကြောင့် သူများ ခိုင်းတာ အကုန်လုပ်ရမယ်။ အဲလိုမျိုး ရိုက်သွင်းထားတယ်။ အဲအချိန်က အမေတစ်ယောက်တည်း ဆိုတော့ ပူတော့ ပူစာချင်တယ်။ ကိုယ့်က မလုပ်ချင်တော့ဘူး ထွက်ချင်တယ်ဆိုတာ ပြောချင်တယ်။ ဒါပေမယ့် မပြောရဲဘူး ဘာလို့မပြောရဲလည်း ဆိုတော့ အမေတစ်ယောက်တည်း ဘဝကို ရုန်းကန်နေတဲ့ အချိန်မှာ ကိုယ့်က အမေ့ကို စိတ်ဆင်းရဲအောင် မလုပ်ချင်ဘူး။ အဲတော့ ကိုယ့်ဘာသာကိုယ့်ဘဲ ခံလိုက်တယ်။ မလုပ်ချင်တာကို ဆက်လုပ် လိုက်တယ်။ ဂျပန်ရောက်ပြီးတော့ ကျောက်မျက်သင်တန်းတွေ သွားတက်ရတယ်။ ခြောက်လ ယောက္ခထီးက သေချာ ပို့ပေးတာ။ ခြောက်လကြာ ဂျပန်မှာနေတယ် စိတ်မဝင်စားဘူး။ ပြန်လာတယ် လုပ်ပေးတယ်။ တစ်နေ့တစ်နေ့ အဲစိန်တွေကို မြင်ပြီးတော့ စိတ်မပါဘူး။

ဆိုတော့ အဲဒီလို မပျော်တဲ့ အလုပ်တစ်ခုကိုလည်း တီချယ်ကြီးအနေနဲ့ လုပ်ခဲ့ရတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ ဒီ ဆံပင်လုပ်ငန်းကို ဒုတိယ အကျော့ ပြန်လုပ်ဖြစ်သွားတာလဲ။

အဲအချိန်မှာက လူက အခုနကလိုပေါ့ ဘာကြောင့် အားငယ်သွားတာလဲ။ အခုနက ပြောသလို စိတ်ဓာတ်ကျတာလဲ။ ကိုယ်မလုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နေရရင် စိတ်ဓာတ် တကယ်ကျတယ်ဆိုတာ ကိုယ်တွေ့ ဘာလို့လဲဆိုတော့ အဲအချိန်မှာ မနက်မိုးလင်းတာနဲ့ ကားပေါ်တက်။ တစ်နေ့တစ်နေ့ ကျောက်တွေရွေးတယ် စိန်တွေ ရွေးတယ်။ ပြန်လာတယ်။ ပြီးရင် အိမ်မှာလုပ်တယ် ပြန်သွားတယ်။ ဘာတစ်ခုမှ Creation  မလုပ်ရဘူး။ နောက်တစ်ခု တစ်နေ့တစ်နေ့ စိန်ကို ကောက်လိုက် ဒါကြီးက လွင့်ထွက်သွားလိုက် ဒါကြီးကို ကြည့်ပြီး အဓိပ္ပာယ်မရှိသလို သိလာတယ်။ ဒါပေမယ့် အဲအချိန်မှာ စိတ်ဓာတ်ကျလာတယ် ခိုင်းတာ အကုန်လုပ်တယ်။ ဘာခိုင်းခိုင်း လုပ်တော့တာ။  တစ်နေ့ကို အသုံးကျတဲ့ မကျင်ပို့ပဲ ဖြစ်သွားတယ်။ အမေ့ကိုလည်း စာမှ မရေးလို့ရတဲ့ အချိန်ကျတော့ အားလုံးက ဒီအလုပ်ထဲမှာပဲ မြှုပ်လိုက်တယ်။

အဲလိုပဲ နေရင်းနေရင်းနဲ့ တစ်ရက်ကျတော့ အမျိုးသားရဲ့ ညီမပေါ့ သူမ ဆိုင်ကိုလော်ဂျီ ဖတ်တယ်။ သူက အရမ်းတော်တယ်။ အဲဒီ ယောင်းမတစ်ယောက်က သူကနေပြီးတော့ စာတစ်စောင်ပေးတယ်။ ကျွန်မကို ကားဂိတ်ကိုလာ နံပါတ်ဘယ်လောက်ကိုလာ ငါစောင့်နေမယ်။ နင့်ယောက်ျားခေါ်မလာနဲ့ အဲကျွန်မကလည်း အမျိုးသားကို ပြောတယ် နင့်ညီမ ငါ့ကို စာပေးတယ်။ အမျိုးသားက ပို့ပေးတယ်။ အဲတာနဲ့ သွားကြတာပေါ့။ သူလဲ ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ယောက္ခထီးက အရမ်း စည်းကမ်းရှိတယ်။ အဲတာနဲ့ ဟိုလည်း ရောက်တဲ့အခါမှာ ကျွန်မကို အင်တာဗျုး လုပ်ထားသလိုပဲ ကော်ဖီတိုက်တယ်။ ချီးစ်ကိပ်ကျွေးတယ်။ ဒါပေမယ့် ပိုက်ဆံမရှိတော့ ကိုယ့်က တစ်ခွက် သူက တစ်ခွက် ချီးစ်ကိပ်က နှစ်ယောက်တူတူ စားရတယ်။ သူပြောလိုက်တဲ့ စကားတစ်ခွန်းက ကိုယ့်ရဲ့စိတ်ကို အဲဒီနေ့မှာ ပွင့်ထွက်သွားတာ။ သူက ချီးစ်ကိပ်ကို ပါးစပ်ထဲမှာ ငုံထားကြည့်ပြီးတော့မှ ဘာအရသာ ရှိတယ်။ ခါးသက်သက်ပဲ ရှိတယ်ဆိုပြောလိုက်တယ်။ သေချာပြန်စဉ်းစားကြည့် မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ တဖြေးဖြေးနဲ့ သိလာတယ် အရသာကို ဒါဆိုရင် ဒီဟော်တယ်ကြီးကို ကြည့်လိုက် ဟော်တယ်ကလည်း အရမ်းလှတယ်။ နင့်ယောက်ျားနဲ့နင် တစ်လတစ်ကြိမ် ဒီလို ကော်ဖီနဲ့ ဒီလို ချီးစ်နဲ့ ဒီလိုဟော်တယ်မှာ နှစ်ယောက်တည်း စကားမပြောချင်ဘူးလား။ ဘာလို့ဆိုတော့ ခုချိန်မှာက  ယောက္ခထီးက တစ်နေ့လုံး ပိတ်ထားသလိုပဲ ။ မနက်သွား ညပြန် ဘာဖြစ်လို့လဲဆိုတော့ လင်မယားလည်း ကောင်းကောင်း စကားမပြောရ အလုပ်ပဲ ဖြစ်နေတော့ သူပြောလိုက်တဲ့ အဓိပ္ပာယ်ကို ကိုယ့်သဘောပေါက်သွားတယ်။

အဲဒီမှာ နောက်ပြီးတော့ ဘာပြောလဲ ဆိုတော့ နောက်တစ်ချက် တစ်ချိန်က နင့်က ဘာမကျင်ပို့လဲတဲ့ အခုဒီနေ့ ငါအိမ်ကို ရောက်လာတာ ဘာမကျင်ပို့လဲတဲ့။ သုံးသွားတဲ့ စကားလုံးတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် မပြောတော့ဘူး။ အဲဒီမှာ ကျွန်မ စဉ်းစားလိုက်တယ်။ ကျွန်မ တစ်ချိန်က ဘာမကျင်ပို့လဲ။ လျှမ်းလျှမ်းတောက် မင်းသမီးတွေကို လုပ်ခဲ့တဲ့ မိုနာလီဇာ မကျင်ပို့က ဘာဖြစ်လို့ ငါအိမ်မှာ ဒီလို လာဖြစ်တာလဲ ဆိုတဲ့ သူက တစ်ခွန်း ပြောလိုက်တဲ့ အချိန်မှာ အဲတစ်ခွန်းကို အိမ်ရောက်တဲ့ အခါမှာ တစ်ညလုံး စဉ်းစားတယ်။ မဖြစ်တော့ဘူး ဒီအတိုင်း ဆက်နေလို့ သွားမယ်ဆိုရင် အသက်လည်း ကြီးသွားမယ်။ ကိုယ်ဒီလိုပဲ ဆက်သွားမယ်။ အဲတော့ သူများခိုင်းသလို မောင်းသလို သွားနေတယ် ဆိုတော့ ကျွန်မ ဘဝလည်း တိုးတက်မှာ မဟုတ်တော့ဘူးပေ့ါ။ အဲတာနဲ့ ငါလုပ်ချင်တာ လုပ်မယ် ဆိုပြီးတော့မှ ယောက္ခထီးဆီက ခွင့်တောင်းပြီး အိမ်ပေါ်ကနေ ထွက်သွားတယ်။

ကျွန်တော်တို့ဟာ တစ်ခါတစ်လေ ဘဝမှာ ဆုံးဖြတ်ရခက်ခဲတဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ အဲဒီအချိန်မျိုးမှာ မိမိတကယ်ဝါသနာပါတဲ့ အလုပ်ကို ရွေးချယ်မှသာ   အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါတယ်။

ပြောမယ်ဆိုရင် ဗမာပြည်မှာလဲ တီချယ်တို့ ဘဝက အဖေမဆုံးခင်ကလည်း စဉ်းအိုးတန်းမှာ အခြေအနေ ကောင်းတယ်လို့ ပြောရမယ်။ ဒါပေမယ့် အဖေက အဲလို အချိန်တိုတိုလေးမှာ ဆုံးသွားတော့ ဘာမှ မစီစဉ်ခဲ့တော့ တီချယ်တို့ ဘဝက သုည ပြန်ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ အခါမှာ အခုကျတော့ အိမ်ထောင်ပြန်ကျတဲ့ အခါမှာ သူက အကောင်းကို ပြန်ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ အခါမှာပြန်ဆင်းသွားတဲ့ အခါကျတော့ ယောက္ခထီးအိမ်က ပြန်ဆင်းသွားတဲ့ အခါမှာ တကယ့်ကို သုည ပြန်ဖြစ်သွားတယ်။ အဲဒီ သုည ဖြစ်တာ ပိုဆိုးတာ သူများနိုင်ငံမှာ ဖြစ်တာ။

အိမ်အရင် သွားငှားတယ်။ အဲအချိန် တစ်သိန်းခွဲ ငှားလို့ရတဲ့ အိမ်က ရပ်ကွက်က သိပ်မကောင်းဘူး။ ရပ်ကွက်က မကောင်းတော့ အဲဒီရပ်ကွက်မှာ အဲဒီရပ်ကွက်မှာ အမျိုးသားက အမြဲစောင့်ပေးရတယ်။ တီချယ်ကလည်း ပိုက်ဆံရှာတဲ့ အချိန်ကျတော့ ဘာဖြစ်သလဲ ဆိုရင် ခုနကလို ၇နာရီထိ ဆိုင်သိမ်းပြီဆိုရင် တီချယ်က အဲ အချိန်မှာ သင်တန်းတက်တာတွေ ရှိတယ်။ ရတဲ့ဟာလေးနဲ့ တက်ရတယ်။ အဲခေတ်ကဆို ပိုက်ဆံလည်း မသုံးရဲဘူး ဘာဖြစ်လို့လဲဆိုရင် အိမ်က မကျေဘူး ဘဏ်တိုက်ကို ပေါင်ထားရတာ။ အိမ်ရဲ့ အင်စတော်မန့်ကလည်း ပေးနေရတယ် ဆိုတော့ ခေါင်း အရမ်းစားတာ။ ကိုယ်ဝန်လည်း မယူရဲဘူး ကလေးရှိမှာ အရမ်းကြောက် ရှိရင် ဒီကလေးရဲ့ စရိတ်ကို မပေးနိုင်မှာ စိုးရတယ်။

အဲလိုနဲ့ပဲ တီချယ်တို့ လုပ်တယ်။ လုပ်ရင်းနဲ့ သူဌေးက ကိုယ်အလုပ် လုပ်တဲ့ အချိန်မှာ ကျွန်မက ဂျုနီယာ ဘဝနဲ့ ပြန်ဆင်းရတာပေါ့။ ဂျုနီယာ ဆိုတာ ဆံပင်ညှပ်ဆရာတော့ မဟုတ်ဘူး။ အောက်ခြေသိမ်းကနေ ပြန်ဆင်းရတယ်။ ဒါပေမယ့် ဆံပင် ဆိုင်ထဲဝင်ရရင် ပြီးရောဆိုတဲ့ စိတ်နဲ့ ဝင်လုပ်တာ။ အဲမှာ ဆံပင်ပြန်လုပ်တယ်။ ပိုင်ရှင်က တွေ့သွားတယ်။ လုပ်တာ သူများနဲ့ မတူဘူး ကြိုးစားတာလဲ သူများနဲ့ မတူဘူး။ ကိုယ့်ကို ပြန်ပြီး သင်တန်းတွေ ပေးတက်တယ်။ တီချယ်ကြီးက အဲခါမှာ စပြီး သင်တန်းတွေ တက်ရတယ်။ သင်တန်းတွေ စတက်တဲ့ အခါမှာလည်း   ပြဿနာတွေ အများကြီးပဲ ကြုံတယ်။ ဒါပေမယ့် ခုနက သားမေးသလို ပြန်နောက်ဆုတ်ချင်လား ဆိုတော့ တစ်ခါမှ အဲလို မစဉ်းစားဘူး။ ဘာလို့ဆိုရင် ကိုယ် ဆုံးဖြတ်ပြီးပြီ ကိုယ်သွားတယ်။ ၂နှစ်လောက် ကိုယ် ဆရာအဆင့် ဖြစ်လာတဲ့ အချိန်ကျတော့လည်း ကိုယ်ဝန်စယူခဲ့တာပေါ့နော်။ ကိုယ်ဝန်ယူတဲ့အခါမှာ သားကြီးရှိတဲ့ ကိုယ်ထဲမှာ ၇ လ/၈လထိ အဲလိုပဲ ညဘက် ပွဲတွေကို လိုက်လုပ်တယ်။ ပိုက်ဆံ ရရ မရရ ဒီရှိုးပွဲတွေကို အရမ်းဝါသနာပါတယ်။ ဘာလို့လဲ ဆိုရင် အဲဒီ ရှိုးပွဲတွေလုပ်မှာ ဒီ Creation  ဆိုတာ ထွက်လာတာ။  အလုပ်ကိုလည်း တီချယ်ကြီးက အမြဲပေါ့နော်။ တစ်ချို့ဆိုရင် ကိုယ်ဝန်ရှိတယ်ဆို အလုပ်မလာတော့ဘူး။ ဗိုက်နာလို့ မလာရတာနဲ့။ ခေါင်းကိုက်လို့ မလာရတာနဲ့ တစ်ခါမှ ကိုယ်ဝန်စလွယ်ကတည်း ကလေး ဒီသားကြီးမွေးတာ ညဘက် ဆယ်နာရီ မွေးတာ။ ည ၇နာရီထိ အလုပ်လုပ်တုန်း။ တစ်ခါမှ မနားဘူး။

တီချယ်ကြီးတို့ ဆံပင်လောကဆိုတာလည်း အပြိုင် အဆိုင်များပါတယ်။ ဒီလိုမျိုး ဆံပင်ညှပ်တဲ့ ပညာကိုပေါ့နော်။ လေ့လာသင်ယူနေတဲ့ လူငယ်တွေလည်း ရှိသလို တခြားနယ်ပယ် အသီးသီးမှာလည်း အောင်မြင်မှုကို ရဖို့ ကြိုးစားနေတဲ့ လူငယ်တွေ ရှိပါတယ် ခင်ဗျ။ အဲဒီလို လူငယ်မျိုးတွေ အတွက်ကော သူတို့လုပ်နေတဲ့ အလုပ်မှာ အောင်မြင်မှု ရဖို့အတွက် ဘယ်လိုမျိုး ကြိုးစား သင့်လဲ။

ကျွန်မတို့ တကယ်အောင်မြင်ချင်တယ်ဆိုရင် ပထမဦးဆုံးပေါ့နော် ဒါတီချယ်ဘက်က ပြန်စဉ်းစားတယ်။ ကိုယ်ဝါသနာပါတာ ကိုယ့်ဟာကိုယ် အရင်မေးရမယ်။ ဘာလို့ ဒါကို ပြောတာလဲဆိုရင် ဆံပင်က အရမ်းကြီး နက်နဲတယ်။ ကြည့်တော့တာ အပေါ်ယံလေး ကြည့်လိုက်ရင် ဒီဆံပင်က ညှပ်လို့ရမယ် ထင်ပေမယ့် ဆံပင်က တအားခက်တယ်။ အဓိပ္ပာယ်က လေးလေးနက်နက် သေချာ လုပ်မယ်ဆိုရင် ဒီဆံပင်က အောင်မြင်တယ်။ နောက် ဘာလို့ဒါကို ပြောချင်တာလဲ ဆိုရင် ဥပမာ နောက်တစ်ခုကျတော့ ငွေနောက် မလိုက်စေချင်ဘူး။ တကယ်လို့ ငွေနောက်လိုက်သွားမယ်ဆိုရင် ဥပမာ ကျွန်မဆို သင်တန်းတက်တယ်။ နည်းနည်းပါးပါး တတ်သွားတယ်။ တစ်ချို့ဆိုင်က ပိုက်ဆံရှိလို့ ဖွင့်တယ်။ ဖွင့်တော့ ကိုယ့်ကိုယ်လာပြီး ပိုက်ဆံပေါက်ပြီး ခေါ်သွားတယ်။ ခေါ်လည်း ခေါ်သွားတော့ ကလေးတွေက ပိုက်ဆံကြောင့်ဆို လိုက်သွားတယ်။ ပညာတကယ်မရတော့ဘူး။ အဲအချိန်မှာ အဲသူဌေးကလည်း သူကို မပေးနိုင်ဘူး။ မပေးနိုင်ဘူး ဆိုရင် သူ့ဘဝကလည်း အဲမှာ သံသရာလည်နေတော့မှာ။ သူတကယ်နာမည် ကြီးသင့်တဲ့ နေရာကို သူမရောက်ဘူးပေါ့။ ငွေနောက် လိုက်လို့မရဘူးပေါ့နော်။

ကျွန်မတို့က ပညာနောက် လိုက်မယ်ဆိုရင် ငွေက အလိုလို ဝင်လာတယ်။ ဥပမာ ကျွန်မဆိုရင် ပညာဘက်ကို သွားတယ်။ ဒါပေမယ့် သူဘာသူ တစ်ခုပြီး တစ်ခု အဆင်ပြေလာတယ်ပေါ့။ တစ်ခါမှလဲ အဲတာကို သွား မစဉ်းစားဘူး ဆိုင်ချဲ့မယ်တို့ မရှိပါဘူး။ လုပ်ရင်း လုပ်ရင်းနဲ့ အခုနကပြောသလို ကျောင်းသားတွေလည်း ရှိလာတယ်။ ကိုယ်မွေးထုတ်လာတဲ့ ကျောင်းသားတွေကို နေရာပေးဖို့ ဆိုင်ခွဲတွေ ဖွင့်တယ်။ အခု မန္တလေးတို့ နေပြည်တော်တို့ ခေါ်ပါတယ် ခဏ ခဏ ဆိုင်ဖွင့်ဖို့ပေါ့။ တီချယ်ကြီးက စည်းတစ်ခုတော့ တားထားတယ်။ သွားမဖွင့်ဘူး။ ဘာလို့ဆိုရင် ကိုယ်မွေးထုတ်ထားတဲ့ ကလေးတွေလည်း အများကြီးပဲ။ သူတို့တွေ လုပ်ပါစေ။ ဒါပေမယ့် ရန်ကုန်မှာ ဘာလို့ ဆိုင်ခွဲဖွင့်လဲ ဆိုတော့ သင်တန်းဆင်းလာတဲ့ တစ်ချို့တွေက ကိုယ်ပိုင်ဆိုင် မဖွင့်နိုင်ကြဘူး။ အဲတာဆို   နေရာတစ်ခုပေးပြီး သူတို့ကို မွေးထုတ်ပေးတယ်။ သူတို့ ဒီလောကထဲမှာ ရပ်တည်နိုင်အောင် လုပ်ပေးတယ်။ အဲဒါက တီချယ်ကြီးရဲ့ စေတနာပေါ့နော်။ အဲတာကြောင့်မို့လို့ တီချယ် ရန်ကုန်မှာ ဆိုင်ခွဲတွေ ဖွင့်ဖြစ်သွားတာပေါ့။

ကျွန်တော်တို့ လူငယ်တွေ ဘဝမှာလည်း အောင်မြင်မှုကို ရဖို့ ကြိုးစားနေတဲ့ အချိန်မှာ တီချယ်ကြီး ဘဝမှာလို အပြောင်းလဲတွေပေါ့။ လောကဓံတရားကြောင့်မို့လို့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ အဲဒီလိုမျိုး လူငယ်တွေ အတွက်ကော တီချယ်ကြီး အနေနဲ့ ဘယ်လိုမျိုး အားပေးစကားတွေ ပြောချင်လဲ ခင်ဗျ။

တီချယ်ကြီး အားပေးစကားပြောချင်တာကတော့ တီချယ်ကြီး တကယ်ပါ အခုဆိုလို့ရှိရင် တီချယ်ကြီး ဘဝမှာ သုည ဖြစ်သွားတာ အဲလို ခဏခဏပါပဲ။ ပြီး အိမ်ထောင်ကျတော့လည်း အမျိုးသားဖက်က ဒီလောက်ချမ်းသာတာ ကိုယ့်က ဒီလို လာဖြစ်တယ်။ နောက်ပြီးတော့ နေတဲ့ရပ်ကွက် ကြုံခဲ့တဲ့ ပတ်ဝန်းကျင် နောက်ပြီးတော့ စကားကလည်းမပေါက် အနိုင်ကျင့်ခံရတယ် နိုင်ငံခြား ရောက်တဲ့ အခါမှာ ဆံပင်လောကမှာလဲ အနိုင်ကျင့်ခံရတယ် မျိုးစုံ ကျင့်ခံရတယ်။ ဆံပင်အရှည်ကြီးကို ဟိုတစ်ရောက်က ညှပ်လိုက် ဒီတစ်ယောက်က ညှပ်လိုက် ဆံပင်အရှည်ကြီးကို အိမ်ပြန်သွားရင် ကိုယ့်အမျိုးသားက မမှတ်မိဘူး။ အဲလိုမျိုး ထိ အနိုင်ကျင့်ခံရတယ်။

ဒါပေမယ့် ဘာလုပ်လိုက်လဲ ဆိုရင် သီးခံစိတ် တီချယ်ကြီးက သီးခံစိတ်နဲ့ အနိုင်ယူတယ်။ ကိုယ့်သူများကို သီးခံလိုက်တယ်ဆိုရင် ကိုယ့်ကို အနိုင်ကျင့်နေတဲ့ သူက အနှေးနဲ့ အမြန်ပဲ သူက ကိုယ့်ကို သူငယ်ချင်းပြန်ဖြစ်တယ်။ ကိုယ့်ကို သနားလာတယ်။ ကိုယ့်ကိုယ်လည်း ပြန်ကူလာတယ်။ ရန်သူ မဟုတ်တော့ဘူး။ အစက ကိုယ့်ကို ကိုယ်စိတ်ထဲမှာ အဲလို ထင်တယ်။ တီချယ် ဆရာဖြစ်သွားတဲ့ အခါမှာလည်း တီချယ် အခုနကပြောတဲ့ ဟောင်ကောင်မှာဆို ပြိုင်ရတယ်။ ဘယ်ဆရာက ဘယ်လောက် လုပ်ရတယ်။ ဘယ်ဆရာက ဘယ်လောက်ရတယ်ဆိုတာ ကပ်ပြားတွေနဲ့ ပြိုင်ရတယ်။ ပြိုင်တဲ့ အခါမှာ တီချယ်က ခြောက်လပဲ ကြာတယ်။ ရှိသမျှ တစ်ဆိုင်လုံးက ဆရာကို အကုန်ကျော်တက်တယ်။

အဲတာဆို သူတို့က ဝိုင်းပြီးတော့ မနာလိုကြတာ။ အဲလို မနာလိုတဲ့ အခါ တော်တော်ခံရတာ။ သေးသေးမွှားမွှားက အစ ဒုက္ခပေးတယ်။ ဖုန်းဆက်တာက အစ အမျိုးမျိုးပေါ့နော်။ အဲတာလေးတွေကိုလည်း ဘယ်လိုလဲ ဆို ခွင့်လွှတ်စိတ်နဲ့ ခွင့်လွတ်တယ်။ ဖြစ်မှာပဲ သူတို့  လုပ်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီ ကိုယ့်က ခြောက်လလောက် လေးနဲ့ နေရာယူလိုက်တယ်။ ငါဆို ဒီလိုပဲ ဖြစ်မှာပဲ အဲလိုမျိုးပေါ့ ကိုယ်ချင်းစာစိတ်ကို အမြဲထားတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ကျတယ် မကျဘူး ဆိုတာ ကိုယ်ဘယ်လောက် ကြိုးစားတယ်။ တကယ့်လိုကိုယ့် အရမ်း ဒီလောကကို စိတ်ဝင်စားတယ်ဆိုရင် စိတ်ဓာတ်ကျနေမယ့် အစား လေ့လာပါ။ အခုဆို အရမ်းကောင်းတဲ့ အချိန်မျိုး အွန်လိုင်းမှာ ဖေ့ဘုတ်မှာ ယူကျုမှာ အကုန်သင်လို့ရတယ်။ ဆရာမပါပဲ တောင်မှာ ညှပ်တာတွေ သေချာသင်တယ်။ ဒါပေမယ့် အခုနက ပြောသလို အခြေခံလေးတော့ ကောင်းဖို့လိုတယ်။ အခြေခံကောင်းတယ်ဆိုရင် အွန်လိုင်းမှာ အကုန်သင်တန်း တက်လို့ရတယ်။ အဲဒီလိုတတ်သွားတယ်ဆိုရင် တစ်နေ့အောင်မြင်မှာ သီးခံဖို့ပဲ လိုတယ်။

Mizzima Weekly