ထိုင်း၌ ပျောက်ဆုံးနေသူ ၈၂ ဦးအရေးကို သေချာစုံစမ်းရန် ကုလတိုက်တွန်း

ထိုင်း၌ ပျောက်ဆုံးနေသူ ၈၂ ဦးအရေးကို သေချာစုံစမ်းရန် ကုလတိုက်တွန်း

ဘန်ကောက်၊ ဇန်နဝါရီ ၇ ။          ။ ထိုင်းနိုင်ငံတွင် ထင်ရှားသည်ည့ မွတ်စလင်ရှေ့နေ ဆွမ်ချိုင်း ၂၀၀၄ ခုနှစ်အတွင်းက ပျောက်ဆုံးမှုအပါအဝင် ပျောက်ဆုံးနေသူ ၈၂ ဦး၏ အခြေအနေကို သေချာစုံစမ်းရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအက်ရာအဒ်ဟူစိန်က တိုက်တွန်းခဲ့သည်။

ဆွမ်ချိုင်းအား သွေးဆောင်ဖြားယောင်းခြင်းနှင့် ပျောက်ဆုံးခြင်းတို့တွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ရဲတာဝန်ရှိသူငါးဦးအား တရားရုံးချုပ်က ဒီဇင်ဘာလအတွင်းက တရားသေပြန်လွှတ်ခဲ့သည်။

လူပျောက်ဆုံးမှုများကို နိုင်ငံတကာစံနှင့်အညီ တရားဥပဒေအရ အစိုးရအနေဖြင့် ဖြေရှင်းသင့်ကြောင်းလည်း ဟူစိန်က တောင်းဆိုသည်။ လူပျောက်ဆုံးဖျောက်ဖျက်မှုများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံက အထူးဥပဒေများ ပြဌာန်းထားခြင်း မရှိပေ။

“ပျောက်ဆုံးသူများရဲ့ မိသားစုတွေအားလုံးအနေနဲ့က ပျောက်ဆုံးရခြင်းကို အမှန်ပဲ သိချင်ကြမယ့် အခွင့်အရေးရှိပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရလဒ်တွေကို သိခွင့်ရှိရမှာဖြစ်ပါတယ်။”ဟု ဟူစိန်က ပြောသည်။

အစိုးရအနေဖြင့်လည်း ရာဇဝတ်ပြစ်မှုနွယ် ပျောက်ဆုံးသူများအရေးကို တရားဥပဒေအရ ကြိုးစားဖော်ဆောင်ပေးသင့်ကြောင်းလည်း ဟူစိန်က တိုက်တွန်းခဲ့သည်။ “ထိုင်းနိုင်ငံတွင်းမှာက ဒီလို လူပျောက်ဆုံးမှုတွေမှာ လိုအပ်တဲ့ ဥပဒေရေးရာနဲ့ အဖွဲ့အစည်းတွေ မရှိဘဲဖြစ်နေပါတယ်။”ဟု ဟူစိန်ကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly