Star Wars မင်းသား ဂျွန်ဘိုယာဂါ Bafta Rising Star ဆုရရှိရန် တစ်ပြေးလျက် ရှိ

Star Wars မင်းသား ဂျွန်ဘိုယာဂါ Bafta Rising Star ဆုရရှိရန် တစ်ပြေးလျက် ရှိ

Star Wars  မင်းသား ဂျွန်ဘိုယာဂါသည် လာမည့်လတွင် ကျင်းပပြုလုပ်မည့် Bafta ရုပ်ရှင်ဆု ပေးပွဲတွင် Risiing Star Awrad ဆုရရှိရန် တစ်ပြေးနေသည့် မျက်နှာသစ် သရုပ်ဆောင်ငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

Star Wars: The Force Awakens ဇာတ်ကားတွင် ဖင်အဖြစ် ပါဝင် သရုပ်ဆောင်ထားသော ဂျွန်ဘိုယာဂါသည် Fifty Shades Of Grey ဇာတ်ကားမင်းသမီး ဒါကိုတာ ဂျွန်ဆင်အပါအဝင် ယှဉ်ပြိုင် မှုများနှင့် ရင်ဆိုင်နေရသည်။

ဒရမ်မာ ဇာတ်ကားသစ် Room ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသော ဘရီလာဆင် နှင့် Kingsman:The Secret Service ဇာတ်ကား မင်းသား တာရွန်အီဂါတန် တို့သည်လည်း ဆုအ တွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။၂၀၁၅ ခုနှစ်၏ The Diary Of A Teenage Girl ဇာတ်ကား မှ မင်းသမီး ဘဲလ်ပေါ်လီသည်လည်း ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဂျွန်ဘိုယာဂါသည် Star Wars ဇာတ်ကားတွင် သရုပ်ဆောင် မဆောင်ခင်အချိန် ၂၀၁၁ ခုနှစ်က အက်ရှင် ဟာသဇာတ်ကား Attack the Block ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး 24: Live Another Day နှင့် BBC Three’s Becoming Human ကဲ့သို့သော ရုပ်မြင်သံကြား အစီစဉ်များတွင် ပါဝင် သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

မင်းသား တာရွန်အီဂါတန်သည် သူလျိုဇာတ်ကား Kingsman ဇာတ်ကားတွင် ကိုလင်ဖစ်၏ တပည့်ရင်းချာ အက်ဆီအဖြစ် ပါဝင် သရုပ်ဆောင်ထားသူတစ်ဦးဖြစ်ပြီး Empire Awards ဆုပေးပွဲတွင် အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင် အမျိုးသားဆုကို ရရှိထားသူတစ်ဦး ဖြစ်သည်။

ယင်းမတိုင်မီက တာရွန်အီဂါတန်သည် စာရေးဆရာမ ဗီရာဘရစ်တိန်၏ စစ်ကာလ ကိုယ်တွေ့ မှတ်တမ်းအကြောင်းကို လိုက်လျော်ညီထွေအောင် ပြင်ဆင်ရိုက်ကူးထားသော Testament of Youth  ဇာတ်ကားတွင် အက်ဒ်ဝပ်ဒ်ဘရီတိန်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဘေးလ်ပေါ်လီသည် CBBC ရုပ်သံလိုင်း၏ ဇာတ်လမ်းတွဲ MI High  တွင် ပါဝင် သရုပ်ဆောင်ကာ အနုပညာလောကအတွင်းသို့ ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး ရုပ်သံ ဟာသဇာတ်လမ်းတွဲ Benidorm တွင် ဘီအန်ကာအဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

ရုပ်ရှင်ပရိတ်သတ်များသည် ၎င်းတို့ ဝကိုက်နှစ်သက်သော အနုပညာရှင်များကို မဲပေးနိုင်ပြီး  လန်ဒန်မြို့၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပပြုလုပ်မည့် Bafta ရုပ်ရှင်ဆုပေးပွဲတွင် ဆုရရှိသူများကို ကြေညာသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly