ထိုင်း-မြန်မာ ကုန်သွယ်မှုတိုးရန် ဆွေးနွေးမည်

ထိုင်း-မြန်မာ ကုန်သွယ်မှုတိုးရန် ဆွေးနွေးမည်
ဓာတ်ပုံ -မဇ္စျိမ

ဇန်နဝါရီလ ၆ ရက် ။             ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုကို ထိုင်းဘတ်ငွေ ဘီလီယံ ၃၅၀ အထိတိုးမြှင့်သွားရန် နေပြည်တော်၌ ယခုလအတွင်း ဆွေးနွေးမည်ဟု သိရသည်။

၂ နှစ်အတွင်း ဘတ်ငွေ ဘီလီယံ ၄၂၀ အထိရောက်ရှိရန်လည်း မျှော်မှန်းမှုများရှိနေသည်။ နယ်စပ်ကုန်သွယ်မှုကိုလည်း ဘတ်ငွေ ဘီလီယံ ၃၀၀ အထိရောက်ရှိရန်လည်း ပါဝင်သည်။

ယင်းသို့ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအပါအဝင် အဆိုပြုမှုများကို ဇန်နဝါရီ ၁၄-၁၅ နေပြည်တော်၌ ကျင်းပမည့် နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မရှင်၏ ခုနှစ်ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြသည်။

ယင်းအစည်းအဝေးကို မြန်မာ စီးပွားကူးသန်းဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ စီးပွား ကူးသန်းဝန်ကြီး Apiradi Tantraporn က ထိုင်းကိုယ်စားလှယ်များကို ဦးဆောင်တက်ရောက်မည်။

Ref; The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly