၂၀၁၆ မြန်မာနေရှင်နယ်လိဂ် စပွန်ဆာအတွက် အူရီဒူးကုမ္ပဏီနှင့် ညှိနှိုင်းနေ

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် စပွန်ဆာအတွက် အူရီဒူးကုမ္ပဏီနှင့် ညှိနှိုင်းနေ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အူရီဒူးတို့စပွန်ဆာစာချုပ် ချုပ်ဆိုစဉ်ကတွေ့ရစဉ်။(ဓာတ်ပုံ- MFF)

ဇန်နဝါရီ ၆၊ ရန်ကုန်။            ။ ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ စပွန်ဆာအတွက် ကာတာမိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အူရီဒူးကုမ္ပဏီနှင့်   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့  ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည် ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

၂၀၁၆  မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၉ ရက်တွင် စတင်ကျင်းပပြုလုပ်ရန် ပွဲစဉ်ဇယားများ ထွက်ရှိလာပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ စပွန်ဆာ ရရှိခြင်း မရှိသေးပေ။

“ ဒီနှစ် မြန်မာနေရှင်နယ်လိဂ် အဓိကစပွန်ဆာအတွက် အူရီဒူးနဲ့ ပြန်ညှိနေပါတယ်။ အဆင်ပြေဖို့ များပါတယ်။ အရင်ကလည်း သူတို့က စပွန်ဆာပေးဖူးပါတယ်။ ဒီလာမည့် ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ်ချုပ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ ဘယ်နှစ်နှစ် ဖြစ်မလဲဆိုတာတော့ အတိအကျပြောလို့မရသေးပါဘူး။ သိတာနဲ့ သတင်းထုတ်ပြန်ပေးပါမယ်။ တီဗီအတွက်တော့ Forever Group နဲ့ အဆင်ပြေသွားပါပြီ။ လာမယ့် အဖွင့်ပွဲ နှစ်ပွဲကနေ စပြီး For Sports ကနေ တိုက်ရိုက်လွှင့်မှာပါ ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို ၂၀၀၉ ခုနှစ်မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ဂရင်းရွိုင်ရယ် ၊ မြန်မာ ၊ အော်ရီဒူး ကုမ္ပဏီ တို့သာ အဓိကစပွန်ဆာများအဖြစ် လက်တွဲခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly