NLD အစိုးရအဖွဲ့အတွက် ဝန်ကြီးနေရာတောင်းသူတွေ တစ်ပုံကြီး၊ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ဆို

NLD အစိုးရအဖွဲ့အတွက် ဝန်ကြီးနေရာတောင်းသူတွေ တစ်ပုံကြီး၊ ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ဆို

အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည့် NLD အစိုးရအတွက် ဝန်ကြီးနေရာတောင်းသူများ များစွာရှိနေပြီး အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောလိုက်သည်။

ဝန်ကြီးနေရာ တောင်းသူများတွင် ပါတီဝင်များသာမက ပါတီဝင် မဟုတ်သူများပါပါဝင်သည်ဟု လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) နှင့် တွေ့ဆုံမှုတွင် ဦးဝင်းထိန်က ပြေလိုက်ခြင်းဖြစ်သည်။

“ပါတီဝင်တွေရော အပြင်ကလူတွေရော တောင်းဆိုကြတဲ့ စာတွေ ဟောဒီမှာ တစ်ပုံကြီးရှိတယ်၊၊ ဒီမိုကရေစီအရေးတုန်းက လက်ကလေးတောင် မမြှောက်ခဲ့တဲ့ သူတွေက အခုမှ ဟိုဟာ လိုချင်တယ် ဖြစ်ချင်ကြတယ် ဆိုတော့ ရယ်ရခက် ငိုရခက် ပေါ့ဗျာ။ ဘယ်လောက်စိတ်ရှုတ် ရှက် စရာကောင်းသလဲ” ဟု ဦးဝင်းထိန်ကပြောသည်။

NLD အစိုးရတွင် ဝန်ကြီးရာထူးရယူလိုသည့် ပါတီဝင်များကို အရေးယူသွားမည်ဟုလည်း ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ် ပြောဆိုထားသည်။

အစိုးရတစ်ရပ်ဖွဲ့ရန် သုံးလသာ လိုတော့သည့် NLD ပါတီအတွက် သမ္မတ ရွေးချယ်မှု အစီအစဉ်နှင့် ပတ်သက်၍မူ လျှို့ဝှက်ထားဆဲဖြစ်သည်။ “လိုအပ်လို့ လျှို့ဝှက်ထားတာ။ မလိုအပ်ရင် မလုပ်ဘူး။ မပြောသင့်ရင် မပြောဘူးလေ” ဦးဝင်းထိန်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီ အစိုးရ ဖွဲ့ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၇ နှစ် ၂၈ နှစ် လောက် ဘဝတွေနဲ့ ရင်းပြီး ရလာတဲ့ ရလာဒ် အဲဒီရလာဒ်ကို ခင်ဗျားတို့ သတင်းဋ္ဌာနက ငါးမိနစ် ဆယ်မိနစ် လောက်နဲ့ အပြောလေးနဲ့ ကျွန်တာ်တို့ ကိစ္စတွေ ရှုတ်ရှက်ခတ်တာတွေ အဖြစ်မခံနိုင်ဘူး မလိုအပ်ပဲနဲ့ သတင်း ဆောင်းပါး ရေးတာတွေ သုံးသပ်တာတွေ ဝေဖန်တာတွေ ကျွန်တော်တု့ိ မလိုလားဘူး။ တရားဝင် ကြေညာတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြ” ဟုလည်း ဦးဝင်းထိန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly