တရုတ်တွင် ကလေးနို့မှုန့် ဘူးများအတွင်း နိုက်ထရိုက် ဓာတ်များလွန်ကဲစွာ ပါဝင်နေ၍ ပြန်လည်သိမ်းယူ

တရုတ်တွင် ကလေးနို့မှုန့် ဘူးများအတွင်း နိုက်ထရိုက် ဓာတ်များလွန်ကဲစွာ ပါဝင်နေ၍ ပြန်လည်သိမ်းယူ

တရုတ်နိုင်ငံ အစားအစာဘေးကင်းမှုစောင့်ကြည့်ရေးအဖွဲ့က ရှန်ရှီပြည်နယ်တွင် နို့ကုမ္ပဏီသုံးခုမှ ကလေးနို့မှုန့်ဘူးများကို ပြန်လည် သိမ်းယူရန် တိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။

အဆိုပါ နို့ဘူးနမူနာတစ်ချို့တွင် နိုက်ထရိတ်ဓာတ်အဆင့်ပါဝင်မှုက လွန်ကဲနေကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အကယ်၍ နို့မှုန်ဘူးများ ပြန်လည်မသိမ်းယူဘဲ ဥပဒေကို ချိုးဖောက်ခြင်းကို တွေ့ရှိပါက ရှန်ရှီပြည်နယ်အာဏာပိုင်များအနေဖြင့် ယင်းကုမ္ပဏီကို အပြစ်ပေးရန်လည်း စောင့်ကြည့်ရေးအဖွဲ့က ဆော်သြထားသည်။

၂၀၀၈ ခုနှစ်အတွင်းက သေစေနိုင်သည့် အဆင့်မမှီသည့် နို့မှုန့်များထုတ်လုပ်သည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံတွင်း နို့မှုန့်အရည်အသွေးနှင့် ပတ်သက်လျှင် ထိလွယ်ရှလွယ်ပြဿနာဖြစ်နေဆဲဖြစ်သည်။

ထိုအချိန်က မယ်လမင်းဓာတ်များပါဝင်သည့် နို့မှုန့်များကြောင့် ကလေးငယ်ခြောက်ဦးသေဆုံးခဲ့ရပြီး ကလေးငယ် သုံးသိန်းခန့် နာမကျန်းဖြစ်ခဲ့ရသည်။

ထိုသို့ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားမှ တင်သွင်းသည့် နို့မှုန့်ဈေးနှုန်းများ ကြီးမြင့်သွားခဲ့သည်။ နိုင်ငံခြားမှ နို့မှုန့်တင်သွင်းမှုတွင် တရုတ်နိုင်ငံသည် နယူဇီလန်နိုင်ငံအား အားထားနေရဆဲဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly