ရာသီဝက်အနားယူပြင်ဆင်မှုအဖြစ် ဆွစ်တောင်တန်းများပေါ်သို့ မိန့်ဇ်အသင်း သွားရောက်

ရာသီဝက်အနားယူပြင်ဆင်မှုအဖြစ် ဆွစ်တောင်တန်းများပေါ်သို့ မိန့်ဇ်အသင်း သွားရောက်

ဇန်နဝါရီ ၆၊ ဆွစ်ဇာလန် ။            ။ ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းသည် ဆောင်းရာသီနားရက်တွင် လက်ကျန်ရာသီအတွက် ပြင်ဆင်မှုအဖြစ် ဆွစ်ဇာလန်တောင်တန်းတွေပေါ်သို့ ခရီးသွားခဲ့ကြသည်။

မိန့်ဇ်အသင်းနည်းပြ မာတင်ဆက်မစ်သည် ၎င်း၏ မွေးရပ်မြေဒေသ ဆွစ်ဇာလန်သို့ အသင်းသားများကို ခေါ်ဆောင်သွားပြီး နှင်းတောင်တန်းတွေပေါ်သို့ ပို့ဆောင်ကာ ပိုမိုကြံ့ခိုင် သန်စွမ်းရန် ပြင်ဆင်ခြင်းဖြစ်သည်။

မိန့်ဇ်အသင်းသားများသည် Valais ဒေသရှိ နှင်းတောင်တန်းများ၏ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၇၀၀ ကျော်အထိ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုနေရာတွင် ရာသီဥတုအပူချိန်မှာ -၁၁ ဒီဂရီအောက် ဖြစ်သည်။ မိန့်ဇ်အသင်းသားများမှာ ရွက်ဖျင်တဲများဖြင့် နေထိုင်ကြပြီး အတွေ့အကြုံသစ်များရရှိသည့်အတွက် ပျော်ရွှင်လျက်ရှိနေကြသည်။

မိန့်အသင်းသားများသည် ၎င်းတို့၏ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဖော်ပြခဲ့ကြသည်။

မိန့်ဇ်အသင်းသည် ဆောင်းရာသီနားရက်မတိုင်မီ နောက်ဆုံးကစားခဲ့သော ဟာသာဘာလင်နှင့်ပွဲတွင် ဟာသာဘာလင်အသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အဆင့်ရှစ်နေရာဖြင့် အဆုံးသတ်ခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly