အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၀ိန်းရွန်နီ ရရှိ

အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၀ိန်းရွန်နီ ရရှိ

အင်္ဂလန်၊ ဇန်နဝါရီ ၆ ။            ။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီသည် ၂၀၁၅ ခုနှစ်အတွက် အင်္ဂလန်၏ တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့သည်။

ရွန်နီသည် ၂၀၁၅ ခုနှစ်အတွင်း မန်ယူအသင်းတွင် ရုန်းကန်နေခဲ့ရသော်လည်း အင်္ဂလန်အသင်းတွင်မှု အမှတ်ရဖွယ်ရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

အသက် ၃၀ အရွယ်ရှိ ရွန်နီသည် အင်္ဂလန်အသင်းအတွက် ရှစ်ပွဲကစားခဲ့ရာတွင် ငါးဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးငါးဆယ်ပြည့်မြောက်ခဲ့သည်။ ဆာဘော်ဘီချာလ်တန်၏ စံချိန်ကို ဖြတ်ကျော်ကာ အင်္ဂလန်အသင်း၏သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။

ရွန်နီဦးဆောင်သော အင်္ဂလန်အသင်းသည် ယူရိုခြေစစ်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့ပြီး ခြေစစ်ပွဲကို အောင်မြင်ခဲ့သည်။ ထို့ကြောင့် ရွန်နီမှာ အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက် လေးကြိမ်မြောက် ရရှိခဲ့သည်။

ရွန်နီသည် အင်္ဂလန်အသင်းအားပေးထောက်ခံသူများ၏ မဲပေးမှုတွင် ၃၇ ရာခိုင်နှုန်းဖြင့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး စတုခ်စီးတီးဂိုးသမားဘတ်လန်းမှာ ၅၄ ရာခိုင်နှုန်းဖြင့် ၂၁ နှစ်အောက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

Ref: ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly