One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ် ကမ္ဘာပေါ်တွင် ရေပန်းစားသော အနုပညာရှင် ဖြစ်လာနိုင်ဟု ဂျေဇီး ပြောကြား

One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ် ကမ္ဘာပေါ်တွင် ရေပန်းစားသော အနုပညာရှင် ဖြစ်လာနိုင်ဟု ဂျေဇီး ပြောကြား

အမေရိကန် ရက်ပါအဆိုတော် ဂျေဇီးက One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ်သည် တစ်နှစ်အတွင်း ကမ္ဘာပေါ်တွင် ရေပန်းစားသော အဆိုတော် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
“ဟယ်ရီဟာ ကြောငြာအကူညီ မလိုအပ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက သူဘယ်သူဆိုတာ သိနေကြပါပြီ” ဟု ဂျေဇီးက Daily Star သို့ ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ ဖျော်ဖြေ ရေးဆိုင်ရာ အဖွဲ့အစည်းသို့ ဟယ်ရီ၏ နာမည်ဖြင့် သီချင်းသစ်လေးပုဒ် နာမည်စာရင်း တင်သွင်းပြီး နောက် ဂျေဇီး၏ ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဂျေဇီးက ဟယ်ရီနှင့် အလုပ်လုပ်ရတာ ပျော်ရွှင်မိသော်လည်း ဟယ်ရီတစ်ကိုယ်တော် အဆို တော်ဘဝကို လျှောက်လမ်းရာတွင် အခက်ခဲဆုံး ခြေလှမ်းသည် One Direction  အဖွဲ့ဝင်အဖြစ် ဖျော်ဖြေခြင်း မဟုတ်ဘဲ တစ်ကိုယ်တော် အဆိုတော်အဖြစ် ပြောင်းလဲ ဖျော်ဖြေရန်လိုအပ်ကြောင်း  ဂျေဇီးက ပြောကြားသည်။

“ကျွန်တော် အောင်မြင်တဲ့ အနုပညာရှင်၊ ထုတ်လုပ်သူတွေနဲ့ ဟယ်ရီ အလုပ်တူလုပ်နိုင်ဖို့ လုပ်ဆောင်ပေးသွားမယ်။ ဟယ်ရီကို ကမ္ဘာပေါ်မှာ အောင်မြင်တဲ့ အဆိုတော်အဖြစ် လုပ်ဆောင်ပေး သွားမှာပါ” ဟု ဂျေဇီးက ပြောကြားသည်။

ဟယ်ရီစတိုင်လ်သည် Already Home ၊ Coco ၊ Endlessly နှင့် 5378 Miles တေးသီချင်း လေးပုဒ်ကို အမေရိကန် တေးရေးဆရာ၊ စာရေးဆရာနှင့် ထုတ်လုပ်သူများ အဖွဲ့အစည်း (ASCAP) သို့ မှတ်ပုံတင်သွင်းခဲ့သည်။ Snow Patrol ရော့ခ်တေးဂီတအဖွဲ့မှ ဂစ်တာပညာရှင် ဂျွန်မက်ဒစ်နှင့် ထုတ်လုပ်သူ ဂရေးဂိုတို့ကို ပူးတွဲ သီချင်းရေးဆရာအဖြစ် ရေးသားထားသည်။

၂၀၁၄ ခုနှစ် အစောပိုင်းကတည်းက ဟယ်ရီသည် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိ သွားမည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ဟယ်ရီက One Direction အဖွဲ့တွင် ရှိနေစဉ် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထုတ်လုပ်သွားမည် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly