အီဗရာဟီမိုဗစ်ချ်၏ စိတ်ဝင်စားဖွယ်ရာများ

အီဗရာဟီမိုဗစ်ချ်၏ စိတ်ဝင်စားဖွယ်ရာများ

ငယ်ငယ်ကတည်းက ခေသူမဟုတ်

မိုဗစ်ချ် ၁၆ နှစ်သားအရွယ်မှာ အင်္ဂလိပ်စာ ဆရာက လာမယ့် ငါးနှစ်အတွင်း ဘယ်နေရာမှာ ဘာလုပ်နေမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ အက်ဆေးပုံစံ ရေးသားခိုင်းခဲ့ပါတယ်။ မိုဗစ်ချ် ရေးခဲ့တာကတော့ အီတလီမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအနေနဲ့ ငွေရှာနေမယ်ဆိုတာပါပဲ။ တကယ့်လက်တွေ့မှာတော့ သူဟာ ငါးနှစ်အတွင်း အီတလီကို မရောက်ခဲ့ပေမယ့် နယ်သာလန်ကလပ် အေဂျက်ဇ်မှာ ကြေးစားကစား နိုင်ခဲ့ပါတယ်။ အဲ့ဒီစာကိုရေးပြီး ၆ နှစ်အကြာမှာတော့ ဂျူဗင်တပ်စ်ကို ရောက်ရှိခဲ့ပါတယ်။

စက်ဘီးသူခိုးလေး မိုဗစ်

လူငယ်ဘဝတုန်းက မိုဗစ်ချ်ဟာ စက်ဘီး တစ်စီး ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီစက်ဘီး ခိုးခံရပြီးနောက်မှာ မိုဗစ်ချ်ကိုယ်တိုင် စက်ဘီး သူခိုးလေး ဖြစ်လာခဲ့ပါတယ်။ မယ်မိုအသင်းမှာ လေ့ကျင့်ခန်းဆင်းနေစဉ် သူ့ရဲ့စက်ဘီးခိုးခံခဲ့ရချိန်မှာ မိုဗစ်ချ်ဟာ အခြားစက်ဘီးတစ်စီးကို ယူစီးပြီး အိမ်ပြန်ခဲ့ပါတယ်။ နောက်တစ်ပတ်အကြာမှာတော့ အသင်းရဲ့ လက်ထောက်မန်နေဂျာရဲ့စက်ဘီး အခိုးခံခဲ့ရလို့ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတယ်လို့ သိခဲ့ရပါတယ်။

အဘိဓာန်ထဲမှာပါတဲ့ ဇလာတန်

ဆွီဒင်စာလုံးပေါင်း အဘိဓာန်ထဲမှာ Zlatanera ဆိုတဲ့ စာလုံးပေါင်းတစ်ခုရှိပါတယ်။ အဓိပ္ပာယ်ကတော့ လွှမ်းမိုးမှု (သို့) ဘယ်အရာကို မဆို အင်အားဖြင့် ဖြေရှင်းနိုင်ခြင်း ဖြစ်ပါတယ်။ ဇလာတန် အီဗရာဟီမိုဗစ်ချ်ဆိုတာ ကိုယ်ပိုင်စာလုံးနဲ့ အဘိဓာန်ထဲပါသူ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် စံချိန်မှတ်တမ်း

မိုဗစ်စ်ဟာ မတူညီတဲ့ ကလပ်အသင်း ခြောက်သင်းနဲ့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတို့မှာ သွင်းယူခဲ့တာပါ။ ဒါပေမဲ့ သူဟာ ဘယ်တုန်းကမှ ချန်ပီယံလိဂ်ဖလားကို မရခဲ့ဖူးပါဘူး။

မိုဗစ်ချ်ရဲ့ စံပြသူရဲကောင်း

ဘောလုံးလောကမှာ မိုဗစ်ချ်ရဲ့ စံပြသူရဲကောင်းကတော့ ဘရာဇီးတိုက်စစ်မှူး ရိုနယ်ဒို ဖြစ်ပါတယ်။ ရိုနယ်ဒိုကို လေးစားအားကျပြီး ကြီးပြင်းလာကြောင်း ဝန်ခံသလို ရိုနယ်ဒိုဟာ ထာဝရအကောင်းဆုံး ဘောလုံးသမားလို့ မိုဗစ်ချ်က ရည်ညွှန်းလေ့ရှိပါတယ်။

HYPERSPORTS NO.1 Pg. 39

.page-node-9437 .page-subtitle{ display: none; }
h4.color {
width:150px;
border-top-width:4px;
border-top-style:solid;
border-top-color:#b98e35;
}

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly