ဇွန် ၂၄၊ ရန်ကုန်။ ။ အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲများကို ဆက်လက် ကျင်းပလျက်ရှိရာ ပွဲစဉ် ၁၄ တွင် မကွေးအသင်းနှင့် ဂိုးမရှိသရေကျခဲ့သော ရန်ကုန်အသင်းသည် ပွဲစဉ် ၁၆ တွင် နိုင်ပွဲ ပြန်ရ ခဲ့ပြီး ဇေယျာရွှေမြေ အသင်းနှင့် ရတနာပုံအသင်းတို့မှာ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေသည်။
ပွဲစဉ် ၁၆ တွင် ရန်ကုန်အသင်းက MFF Youth အသင်းကို ၁-၀ ဂိုး၊ မနောမြေအသင်းက ကမ္ဘောဇအသင်းကို ၄-၂ ဂိုး၊ ဧရာဝတီ အသင်းက ချင်းယူနိုက်တက်အသင်းကို ၅-၂ ဂိုး၊ ဇွဲကပင်အသင်းက နေပြည်တော်အသင်းကို ၁-၀ ဂိုးတို့ဖြင့် အနိုင်ရ ခဲ့သည်။ အမှတ်ပေးဇယားထိပ်မှ ရတနာပုံအသင်းမှာ ဇေယျာရွှေမြေအသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည်။
ရတနာပုံအသင်း သည် ပွဲစဉ် ၁၅ တွင်လည်း နေပြည်တော်အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျထားသောကြောင့် ပွဲစဉ် နှစ် ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ အလားတူ ဇေယျာရွှေမြေအသင်းမှာလည်း ပွဲစဉ် ၁၅ တွင် ကမ္ဘောဇအသင်းနှင့် ဂိုးမရှိ သရေကျ ခဲ့သလို ပွဲစဉ် ၁၆ တွင်လည်း ရတနာပုံအသင်းနှင့် သုံးဂိုးစီ ထပ်မံသရေကျခဲ့သောကြောင့် ပွဲစဉ် နှစ်ပွဲဆက် နိုင်ပွဲ ပျောက် ဆုံး နေခြင်းဖြစ်သည်။
ပွဲစဉ် ၁၆ အပြီးတွင် ရတနာပုံအသင်းက ၁၀ ပွဲနိုင်၊ ငါးပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေ သည်။ ဒုတိယနေရာတွင် ရန်ကုန် အသင်းက ၁၀ ပွဲနိုင်၊ သုံးပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၃၃ မှတ်ဖြင့် ရပ်တည်နေသော်လည်း ရန်ကုန်အသင်းမှာ လက်ကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည်။ အဆင့် ၃ နေရာတွင် ဇေယျာ ရွှေမြေအသင်းက ခုနစ်ပွဲ နိုင်၊ လေးပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နှင့် ၅ နေရာများတွင် MFF Youth အသင်းနှင့် ဇွဲကပင်အသင်းတို့က ရမှတ် ၂၄ မှတ်စီဖြင့် ရပ်တည်နေကြသည်။