ထိုင်းရဲ ဝက်ဆိုဒ်များ ဟတ်ကာတို့ ထိုးဖေါက်ဝင်ရောက် တရားမျှတမှု အလိုရှိကြောင်းရေးသားထား

ထိုင်းရဲ ဝက်ဆိုဒ်များ ဟတ်ကာတို့ ထိုးဖေါက်ဝင်ရောက် တရားမျှတမှု အလိုရှိကြောင်းရေးသားထား

ထိုင်းနိုင်ငံ ရဲများ၏ အင်တာနက်စာမျက်နှာ လေးခုကို ဟတ်ကာတို့၏ ဝက်ရောက်ထိုးဖေါက်မှုခံခဲ့ရပြီး တရာမျှတမှု အလိုရှိကြောင်း ရဲတို့၏ အင်တာနက် စာမျက်နှာတွင် တနင်္လာညက ရေးသားသွားခဲ့သည်။

ဝက်ရောက်ထိုးဖေါက်မှုခံခဲ့ရသည့် အင်တာနက် စာမျက်နှာတွင် Blink Hacker Group ဟု အနက်ရောက်စာသား ရေးသားထားပြီး “တရားမျှတမှု အလိုရှိသည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။

တိုက်ခိုက်ခံခဲ့ရသည့် ဝက်ဆိုဒ်တို့မှာ http://metro.police.go.th/  http://phichit.police.go.th/ http://www.pcscenter.sb.police.go.th/ နှင့် http://ictgeneral.police.go.th/ ဝက်ဆိုဒ်များဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားသည်။

http://metro.police.go.th/  http://phichit.police.go.th/ ဝက်ဆိုဒ်နှစ်ခုမှာ ပုံမှန် ပြန်လည် လည်ပတ်နေပြီ ဖြစ်သော်လည်း http://www.pcscenter.sb.police.go.th/ နှင့် http://ictgeneral.police.go.th/ တို့မှာမူ ဖွင့်ဖတ်မရဘဲ ဖြစ်နေသေးသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly