တရုတ်တွင် မီးရှို့တိုက်ခိုက်ခြင်းဟု သံသယရှိသော ဘတ်စ်ကားမီးလောင်မှုတွင် လူ ၁၇ ဦးသေဆုံး

တရုတ်တွင် မီးရှို့တိုက်ခိုက်ခြင်းဟု သံသယရှိသော ဘတ်စ်ကားမီးလောင်မှုတွင် လူ ၁၇ ဦးသေဆုံး

ယင်ချွန်၊ ဇန်နဝါရီ ၅ ။           ။ တရုတ်နိုင်ငံ မြောက်ပိုင်း နင်ရှားပြည်နယ်တွင် အများပြည်သူသုံး ဘတ်စ်ကားတစ်စင်းကို မီးရှို့တိုက်ခိုက်ခြင်းဟု သံသယရှိသော ဘတ်စ်ကား မီးလောင်မှုတစ်ခုတွင် လူ ၁၇ ဦးသေဆုံးသွားကြောင့် နိုင်ငံပိုင်မီဒီယာက အစီရင်ခံသည်။

ဘတ်စ်ကားသည် ဒေသစံတော်ချိန် ဝရး၀၀နာရီ(23:00GMT Monday) ဝန်းကျင်က ရုတ်တရက်မီးစွဲလောင်ကာ ဘတ်စ်ကားအတွင်း လူအချို့ပိတ်မိနေခဲ့သည်ဟု ယင်ချွန်မြို့ရှိ အရာရှိများက ပြောသည်။ မီးလောင်မှုကြောင့် လူ၁၇ ဦးသေဆုံးခဲ့သည်အပြင် လူ၃၂ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်တွင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့်နေရာများကို မီးရှို့တိုက်ခိုက်မှုအချို့ဖြစ်ပေါ်ခဲ့သည်။ ယခုမီးရှို့မှုနှင့် ပတ်သက်သူမှာ မာယုံဖင်ဆိုသူ အသက်၃၃နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များက ၎င်း၏ဓါတ်ပုံ၊ မှတ်ပုံတင်အမှတ်နှင့် ၎င်း၏ယာဉ်မှတ်ပုံတင်ဆိုင်ရာအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး မာယုံဖင်မှာ အဓိကမသင်္ကာသူဖြစ်ပြီး ဘတ်စ်ကားကို မီးရှို့ခဲ့သည်ဟု သံသယရှိကြောင်း ပြောကြားခဲ့ကြသည်။

ဒဏ်ရာရရှိသူ ၃၂ဦးအနက် ၈ ဦးမှာဒဏ်ရာပြင်းထန်သည်ဟု အာဏာပိုင်များက ဆိုသည်။ ဘတ်စ်ကားမောင်းသူမှာ ဒဏ်ရာအသေးစားများသာရရှိခဲ့သည်။

၂၀၁၃ ဇွန်လက ကိုယ့်ကိုယ်ကိုယ်သတ်သေသော အမျိုးသားတစ်ဦးသည် အရှေ့တောင်ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ ရှားမင်းတွင် ဘတ်စ်ကားတစ်စင်းကို မီးရှို့ခဲ့ရာ ၎င်းအပါအဝင် လူ ၄၈ ဦးသေဆုံးခဲ့သည်။ ၂၀၁၄ကလည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသည်ဟု ယူဆရသော အမျိုးသားတစ်ဦးသည် ဟန်ကျိုးရှိ ဘတ်စ်ကားတစ်စင်းကို မီးရှို့ရာ လူ ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly