နောက်ခံလူ ဘားနတ်အချော အား စာချုပ်ဖျက်သိမ်းရန် ရခိုင်အသင်းစီစဉ်

နောက်ခံလူ ဘားနတ်အချော အား စာချုပ်ဖျက်သိမ်းရန် ရခိုင်အသင်းစီစဉ်
 နောက်ခံလူ ဘားနတ်အချောအား ပြီးခဲ့သည့် ဘောလုံးရာသီ၌ ရခိုင်အသင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- ရွှေဘုတ်)
 

ဇန်နဝါရီ ၄၊ ရန်ကုန်။            ။ ရခိုင်ယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီ၌ အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသော ဂါနာနိုင်ငံသား နောက်ခံလူ ဘားနတ်အချောအား ဆေးစစ်ချက်ကြောင့် စာချုပ်ဖျက်သိမ်းရန် စီစဉ်လျက်ရှိသည် ဟု ်အသင်းမီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက ပြောသည်။

ဘားနတ်အချောသည် မူလက ရခိုင်အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရာ၌ ဆေးစစ်ခြင်း မပြုလုပ်ခဲ့ပဲ ယခု လိဂ်ပြိုင်ပွဲအတွက် ဆေးစစ်ရာတွင် ဘီပိုး ရှိနေသည့်အတွက် အသင်းမှ စာချုပ်ဖျက်သိမ်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ ဘားနတ်အချောက အရင် သက်တမ်းတိုး စာချုပ်ချုပ်တုန်းက ဆေးမစစ်လိုက်မိဘူး။ အခုမှ ပြန်စစ်တော့ ဘီပိုး ပေါ်နေတယ်။ အဲဒီ့အတွက်ကြောင့် စာချုပ်ဖျက်သိမ်းဖို့ အသင်းအနေနဲ့ စီစဉ်ရတာပါ။ လျော်ကြေးပုံစံမျိုး မဟုတ်ပေမယ့် ကစားသမားဘက်ကိုလည်း ပြန်ကြည့်ြ့ပီး အသင်းအနေနဲ့ နစ်နာကြေးပေးသွားမှာပါ။ အသင်းက အဆင်မပြေလို့ နှစ်ဦးသဘောတူလမ်းခွဲတဲ့ သဘောပါပဲ။ နောက်ထပ် နိုင်ငံခြားသားထပ်ခေါ်ဖို့ အစီအစဉ်တော့ မရှိတော့ပါဘူး။ လာမယ့်ရာသီ ဒီအသစ် သုံးယောက်နဲ့ပဲ သွားဖို့ စီစဉ်ထားပါတယ် ” ဟု ကိုသက်ထူးနိုင်ဦးက ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၆ ဘောလုံးရာသီအတွက် ဘားနတ်အချော အပါအဝင် ဘရာဇီးတိုက်စစ်မှူး အန်ဒရေ၊ သြစတြေးလျကွင်းလယ်လူ ကာမာရာနှင့် ကင်မရွန်းနောက်ခံလူ ဒွန်ဂါ တို့အား တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူအားဖြည့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly