ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို အေစီမီလန် ပစ်မှတ်ထားနေ

ချယ်လ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်ကို အေစီမီလန် ပစ်မှတ်ထားနေ

ဇန်နဝါရီ ၄၊ မီလန် ။             ။ နောက်တန်းအင်အားဖြည့်တင်းချင်နေသော အေစီမီလန်အသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးနောက်ခံအစွန်လူ အိုင်ဗန်နိုဗစ်ကို ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေသည်ဟု မယ်ရာသတင်းစာက ဖော်ပြခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိ အိုင်ဗန်နိုဗစ်သည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ခြောက်လသာကျန်ရှိတော့ပြီး သက်တမ်းတိုးရန် သဘောတူညီမှု မရသေးသူဖြစ်သည်။

အိုင်ဗန်နိုဗစ်အသင်းသည် ယခုနှစ်ပရီးမီးယားလိဂ်တွင် အဆင့် ၁၄ ရောက်နေသော ချယ်လ်ဆီးအသင်း၌ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရ သော်လည်း ၁၆ ပွဲကစားပြီး တစ်ဂိုးသွင်းယူထားနိုင်သည်။

အေစီမီလန်အသင်းအနေဖြင့် ချယ်လ်ဆီးအသင်း ဥရောပဝင်ခွင့်ရရန် မသေချာခြင်းနှင့်အတူ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အိုင်ဗန်နိုဗစ်တွင် ရွေးချယ်စရာပိုများသွားမည်စိုးသောကြောင့် အလျှင်အမြန်ကမ်းလှမ်းလိုနေသည်ဟု မယ်ရာက ဆက်လက်ဖော်ပြခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly