မာဆေးလ်ကွင်းလယ်လူ ပေယက်ကို ပေါင် ၁၂ သန်းဖြင့်ခေါ်ရန် ဝက်စ်ဟမ်းသဘောတူညီမှုရ

မာဆေးလ်ကွင်းလယ်လူ ပေယက်ကို ပေါင် ၁၂ သန်းဖြင့်ခေါ်ရန် ဝက်စ်ဟမ်းသဘောတူညီမှုရ

ဇွန် ၂၄၊ လန်ဒန်။ ။ ဝက်စ်ဟမ်းအသင်းသည် မာဆေးလ်ကွင်းလယ်လူ ဒီမီထရီပေယက်ကို ပေါင် ၁၂ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရသွားပြီဖြစ်ပြီး  ဒေါင်းနင်းကို ပေါင် ၅ သန်းဖြင့်ခေါ်ယူရန် ဆန်းဒါးလန်းအသင်း၏ ကမ်းလှမ်းထားခြင်းကိုမူ ပယ်ချခဲ့သည်။

မာဆေးလ်အသင်းသည် ပေယက်ကိုပြီးခဲ့သည့်တစ်ပတ်ကျော်က စာချုပ်သစ်ကမ်းလှမ်းခဲ့သေးသော်လည်း ၎င်း၏မိသားစုမှာ လန်ဒန်သို့ ပြောင်းရွှေ့ရန်သာ စိတ်အားထက်သန်ခဲ့သည်။

မာဆေးလ်အသင်းချန်ပီယံလိဂ်မှ ထွက်ခဲ့ရသောကြောင့် အသက် ၂၈ နှစ်အရွယ်ရှိ ယင်းကွင်းလယ်ကစားသမားသည် လစာလျှော့ယူရဖွယ် ရှိနေသော်လည်း အသင်းကညှိနှိုင်းပေးရန် ကြိုးစားခဲ့သေးသည်။

သို့သော်လည်း ဝက်စ်ဟမ်းအသင်းက မာဆေးလ်နှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် ပေယက်ကိုခေါ်ယူရန် သဘောတူညီမှုရသွားခဲ့ခြင်းဖြစ်သည်။ ဝက်စ်ဟမ်းအသင်းမှာ လာမည့်ရာသီတွင် ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကစားရမည်ဖြစ်ရာ ပြိုင်ပွဲနှစ်ရပ်အတွက် အသင်းလူအင်အား တောင့်တင်းစေရန် ကြိုးပမ်းနေသည်။

ပရီးမီးယားလိဂ်ပြိုင်ဘက်ဆန်းဒါးလန်းအသင်းသည် နောက်ထပ်တန်းဆင်းဇုန်အန္တရာယ်ကြုံတွေ့ရခြင်းမရှိစေရန် ဒေါင်းနင်းကို ပေါင် ၅ သန်း ဖြင့်ကမ်းလှမ်းမှုကို ဝက်စ်ဟမ်းအသင်းက ချက်ချင်းပယ်ချခဲ့သည်။ ဒေါင်းနင်းသည် ၂၀၀၃ ခုနှစ်တွင် ဆန်းဒါးလန်း၌ အငှားကစားသမား အဖြစ် ကစားခဲ့ဖူးပြီး ယခုအခါတွင် နည်းပြအက်ဒဗိုကတ်က ပြန်လည်ခေါ်ယူရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly