ဘောလုံးအဖွဲ့ချုပ်တစ်နှစ်ကုန်ကျစရိတ်မှာ သိန်းငါးသောင်းကျော်ရှိဟု ဦးဇော်ဇော်ဖွင့်ဟ

ဘောလုံးအဖွဲ့ချုပ်တစ်နှစ်ကုန်ကျစရိတ်မှာ သိန်းငါးသောင်းကျော်ရှိဟု ဦးဇော်ဇော်ဖွင့်ဟ
ရန်ကုန်အကယ်ဒမီပန္နရိုက်အခမ်းအနားတွင် ဦးဇော်ဇော်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ရွှေဘုတ်)

ဒီဇင်ဘာ ၂၊ ရန်ကုန်။         ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ တစ်နှစ်စာကုန်ကျစရိတ်မှာ ငွေကျပ်သိန်းငါးသောင်းကျော်ရှိသည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ လွပ်လပ်စွာသီးခြားရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးဖြင့်ရပ်တည်နေသောအဖွဲ့အစည်းဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့တစ်နှစ်ကုန်ကျစရိတ် က သိန်းငါးသောင်းကျော်ရှိတယ်။ အားလုံးကို အဖွဲ့ချုပ်အနေနဲ့ပဲစိုက်ထုတ်သုံးစွဲရတာပါ။ အစိုးရနဲ့ အားကစားဝန်ကြီးဋ္ဌာနက ကူညီထောက်ပံ့မှုမရှိပါဘူး။ ဒီနှစ်ကို စပွန်ဆာ သိန်းနှစ်သောင်းလောက် ရမယ်ဆိုရင် ကျွန်တော့်အိတ်ထဲက သုံးသောင်းလောက်စိုက်ရပါတယ်။ စပွန်ဆာ သုံးသောင်းလောက်ရရင် နှစ်သောင်းလောက် စိုက်ရတာပေါ့။ နောက်ပိုင်းမှာတော့စပွန်ဆာငွေပိုရဖို့ ကြိုးစားနေပါတယ် ”ဟု ဦးဇော်ဇော်က ဆိုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ပြည်ပကုမ္ပဏီများဖြစ်သော ဂျပန်ကားကုမ္ပဏီ တိုယိုတာ၊ ကာတာဖုန်းလိုင်းကုမ္ပဏီ အူရီဒူးတို့မှ စပွန်ဆာပေးထားသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲကျင်းပမှုကုန်ကျစရိတ်များ၊ လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကုန်ကျစရတ်များ၊ အကယ်ဒမီများအတွက် ကုန်ကျစရိတ်များကို နှစ်စဉ်သုံးစွဲနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly